စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
113
အပိုင်း (၁၁၃) မင်းက ဘယ်လိုပဲနေနေလှတယ် (၂)
သူ ထပ်ပြောလိုက်သည်။
“အဲဒီနှစ် အဲဒီလမှာပဲ ချောင်ရို့ဟွမ် ဘာလုပ်နေခဲ့လဲဆိုတာကိုပါ စုံစမ်းခဲ့ပေး”
“ မိန်းကလေးရို့ဟွမ်ကို စုံစမ်းရမယ်တဲ့လား”
သူတို့သူဌေး၏ ချောင်ရို့ဟွမ်အပေါ်ခံစားချက်သည် အပြင်လူများကို အံ့အားသင့်သွားစေသည်။
“ဟုတ်တယ် သူမအကြောင်း အပြည့်အစုံ စုံစမ်းပေး”
ရှင်းရီချန်သည် သူ့စကားဆုံးသည်နှင့် ဖုန်းချလိုက်လေသည်။
ချောင်မော့ယွီက သူမရဲ့မီးလောင်ဒဏ်ရာကို နိုင်ငံခြားမှာသွားမကုခဲ့ဘူးဆိုရင် ဖေကြီးချောင်က သူမ ဆေးရုံမသွားခဲ့ဘူးလို့ ငြင်းရမှာမဟုတ်ဘူးလေ။ အဲဒီအစား ချောင်မော့ယွီက သူမရဲ့မီးလောင်ဒဏ်ရာကို မကုခဲ့ဘူးလို့ ငြင်းလိုက်သင့်တာလေ။
ဒါဆိုရင် ငါ မသိသေးတာ တစ်ခုခုရှိနေသေးတယ်။
ထို့နေ့လယ်တွင် ယဲ့ဖေးချန်းသည် ချောင်မော့ယွီအဖွဲ့သို့ ပူးပေါင်းလိုက်သည်။
ချောင်မော့ယွီသည် လန်းဆန်းသောပန်းအချို့နှင့် မိုးမခခက်များကိုသာ ခူးထားသည်ကို မြင်လိုက်ရပြီး ယဲ့ဖေးချန်းသည် မနေနိုင်တော့ဘဲ အကြံပြုလိုက်တော့သည်။
“မော့ယွီ ဒီပစ္စည်းတွေက စျေးကောင်းနဲ့ ရောင်းလို့ရမှာမဟုတ်ဘူး၊ ရှေ့မှာ သစ်ကြားသီးပင်တစ်ပင်ရှိတယ် အခုဆို သစ်ကြားသီး သီးတဲ့ အကောင်းဆုံးရာသီပဲ၊ ငါတို့တွေ သစ်ကြားသီးတွေ သွားကောက်လို့ရတယ်၊ အထူးသဖြင့် မြို့ကလူတွေက သစ်ကြားနဲ့ ကစားရတာကြိုက်ကြတယ်လေ၊ ငါတို့တွေ ကံကောင်းရင် သစ်ကြားသီးအမြွှာကို ရှာတွေ့ပြီး ရောင်းရင် စျေးကောင်းကောင်းရမှာ”
ချောင်မော့ယွီသည် သူ့အကြံပေးချက်ကို လက်ခံလိုက်လေသည်။ သူမတွင် ဖေကြီးယဲ့ လေယာဥ်ပျက်ကျသည့်အဖြစ်မှ ရှောင်ရှားရန် နည်းလမ်းတစ်ခုတွေးမိသွားသည် ထင်ရသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
