အပိုင်း (၁၄၉) သူ့မိဘနှင့်တွေ့ဆုံခြင်း (၁)

6.2K 440 2
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၄၉) သူ့မိဘနှင့်တွေ့ဆုံခြင်း (၁)

သာမန်တွေ့ဆုံပွဲလေးပဲလုပ်ပြီး ဘာသာရေးအယူဝါဒကို အဆင့်မြှင့်တင်ပေးတာက မကောင်းဘူးလားလို့။ ဘယ်လိုလုပ်ပြီး တွေ့ဆုံပွဲက သူတို့ဆက်ဆံရေးအကြောင်း မိဘတွေ့ဆုံပွဲဖြစ်သွားရတာလဲလို့။

ချောင်မော့ယွီသည် ရင်ထဲတွင် အကြိမ်ကြိမ် သက်ပြင်းချမိတော့သည်။

“ ဒါဆို ရှင်က ကျွန်မတို့ဆက်ဆံရေးကို ရှင့်အဖေကို ပြောလိုက်ပြီလား”

ယဲ့ဖေးချန်းသည် ခံ့ညားသည့် လေသံဖြင့် ပြောလိုက်၏။

“မော့ယွီလေး မင်း သဘောတူခဲ့တာပဲ မလား”

ချောင်မော့ယွီသည် အလန့်တကြားဖြစ်သွားတော့၏။

“ ဟင့်အင်း၊ ဘယ်တုန်းကလဲ”

ငါလေး ရှင်လေးနဲ့ မတွဲချင်သေးပါဘူးနော်။ ငါလေးက အခုမှ ၁၈နှစ်ပဲ ရှိသေးတာလေဟယ်။ ရှင်လေးက ငါလေးထက် ၉နှစ်တောင်ကြီးတဲ့ဟာကိုလို့။

ယဲ့ဖေးချန်းသည် ချောင်မော့ယွီ၏မျက်လုံးများကို ငေးကြည့်နေ၏။

“ မင်းလေးမှာ စဥ်းစားဖို့ အချိန် ၂ရက် ကျန်ပါသေးတယ်”

“ ချောင်မော့ယွီ : “....”

ဒါက တမင်ကို အရောင်းအဝယ် လုပ်နေတာပဲလေဟယ်။ ရှင်လေး ငါလေးရဲ့သဘောထားကို မေးကော မေးခဲ့ဖူးရဲ့လားလို့။

သူတို့သည် စကားပြောနေစဥ်မှာပင် ကားသည် ချောင်မော့ယွီ၏ အိမ်သို့ ဆက်သွားလိုက်လေသည်။

သူတို့သည် မြေအောက်ကားပါကင်သို့ရောက်ချိန်တွင် ယဲ့ဖေးချန်းက သူမနှင့်လိုက်ခဲ့ရန် အဆင်ပြေ မပြေကို မေးလာ၏။ ချောင်မော့ယွီသည် မငြင်းဆန်သဖြင့် သူသည် သူမနောက်မှ လိုက်တက်လာခဲ့လေသည်။

ချောင်မော့ယွီသည် သော့နှင့် အိမ်တံခါးကို ဖွင့်လိုက်ပြီး သူမ၏ဖိနပ်ကို လဲလိုက်၏။ သူမသည် လော့လော့က ကြမ်းပြင်ပေါ်တွင် ဘောလုံးနှင့် ကစားနေသည်ကို ချက်ချင်းတွေ့လိုက်ရသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now