အပိုင်း (၆၁) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၁)

7.1K 497 4
                                        

ဘာသာပြန်သူ - YuuKi

အပိုင်း (၆၁) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၁)

သူတို့၏နှုတ်ခမ်းများ ထိသွားသည့် တခဏ ချောင်မော့ယွီ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် တုန်လှုပ်သွားပြီး သူမ၏မျက်လုံးကို ဆတ်ခနဲဖွင့်မိသွားတော့သည်။

သို့သော် သူမရှေ့မှယောကျ်ားသည် သူမကို အခွင့်အရေးတစ်ခုပင် မပေးချေ။ သူမ တောင့်တင်းနေသည်ကို ခံစားမိသော ယဲ့ဖေးချန်းသည် ကျန်လက်တစ်ဖက်ဖြင့် သူမ၏ခါးကို ဖက်လိုက်ကာ သူမကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်၏။ ရုတ်တရုက် သူ့လျှာက သူမ၏သွား ကို လာထိကစားလျက်နေတော့သည်။

ချောင်မော့ယွီ၏နှလုံးသားသည် ဗုံတစ်လုံးကဲ့သို့ ကျယ်လောင်စွာ ခုန်နေသည်ကို ရုတ်ခြည်း ခံစားလိုက်သည်။ ယဲ့ဖေးချန်း၏ ပုံမှန်မဟုတ်သော ခက်ထန်သည့်ရမ္မက်က သူမ၏နှုတ်ခမ်းကို  ပဲ့သွားစေပြီး သူမ၏ခေါင်းထဲတွင် ဗလာဖြစ်သွားတော့သည်။ သူမသည် ယဲ့ဖေးချန်း ဖမ်းဆုပ်ထားသော သူမ၏လက်ကို ဆွဲထုတ်လိုက်ပြီး သူ့ကို အားဖြင့်ခပ်ကြမ်းကြမ်း အလိုလို တွန်းထုတ်မိလျက်သား ဖြစ်သွားသည်။

“ကတ်”

ဒါရိုက်တာဖုန်းသည် သူမကို ကြည့်ပြီး ပြောလိုက်သည်။

“မော့ယွီ မင်းဘာလုပ်လိုက်တာလဲ၊ မင်းဇာတ်ရုပ်ရဲ့ လက်ရှိအခြေအနေက ဖျားနေလို့ အားနည်းနေတာလေ၊ ဒီလိုဆို သူမက ဖေးချန်းကို ဘယ်လို တွန်းထုတ်နိုင်မှာလဲ၊ မင်းက အားပြတ်နေတဲ့ အခြေအနေမှာဆို ယောက်ျားတစ်ယောက်ထပ် ပိုသန်မာတဲ့ပုံပေါ်နေလို့မရဘူးလေ”

ချောင်မော့ယွီသည် အနည်းငယ် မျက်နှာပူသွားလေသည်။ သူမသည် အခြားလူများနှင့် ဤမျှ နီးနီးကပ်ကပ် မရှိခဲ့ဖူးပေ။ သူမသည် အမြန် တောင်းပန်လိုက်ပြီးနောက်မှ တစ်ခုခုကို သူမ သိရှိသွားတော့သည်။

‘ယဲ့ဖေးချန်းက သူ့လူစားမထိုးထားခဲ့ဘူးလား’

“ ကျွန်မ တောင်းပန်ပါတယ်နော်”

သူမ သူ့ကို တောင်းပန်လိုက်သည်။ သူ၏ညှို့မှိုင်းပြီး မရေရာသော အကြည့်ကို သတိထားမိလိုက်သဖြင့် သူမ ရှင်းပြလိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя