စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၉၀) ကိုယ့်ရဲ့ရွှေငါးလေး (၂)
ဒါပေမဲ့ ပြန်စဥ်းစားကြည့်လိုက်တော့လည်း ငါလေးက အနာဂတ်ကို ကြိုမှန်းနိုင်တယ်ဆိုရင်တောင် အရာအားလုံးကို ပြောင်းလဲနိုင်ပါ့မလား။
မလုပ်နိုင်လောက်ဘူးလေ။
ဘာလို့လဲဆိုတော့ ကျန်တဲ့သူတွေက ငါလေးကို အရူးတစ်ယောက်လို့ပဲ သတ်မှတ်ကြမှာပေါ့။ သူတို့တွေကို ကြောက်စရာကောင်းတဲ့ အကြံဉာဏ်တွေပေးတယ်ဆိုပြီး ငါလေးကို ထိန်းသိမ်းထားတာမျိုးတောင် လုပ်နိုင်သေးတယ်...
သို့ရာတွင် သူမ၏စိတ်တို့သည် လေးလံနေဆဲဖြစ်တော့သည်။
ထိုအချိန်တွင် ယဲ့ဖေးချန်း၏အသံသည် ဖုန်းထဲမှ ထွက်လာ၏။
“ မော့ယွီ ညီမတကယ်ပဲ ဘယ်သူများလဲဟင်”
သူသည် သူမနှင့် ပထမဆုံးအကြိမ်တွေ့သည့်အချိန်ကို သတိရသွားလေသည်။ တစ်ခါတစ်ရံ သူမသည် ရိုးရှင်းသော်လည်း တစ်ခါတစ်ရံတွင် သူမသည် အလွန်ထက်မြက်လေသည်။ သူသည် သူမနှင့် စကားအနည်းငယ်သာ ပြောရသေးသည်။ သူ့အပေါ်အမြဲလိုလို ဒေါသထွက်နေသည့် သူအဖေ၏ သူ့အပေါ်သဘောထားသည့် ပြောင်းသွားခဲ့၏။
နောက်ပိုင်းတွင် သူသည် သူမက တခြားသူများကို အလင်းဖွင့်ပေးသည်ကို မြင်ခဲ့ရပြီး မျှော်လင့်ချက်မဲ့နေသည့်ရုပ်ရှင်သည် နေ့ချင်းညချင်း နာမည်ကြီးလာခဲ့သည်။
နာမည်မရနိုင်သည့် လုပေ့ကဲလိုလူမျိုးကပင် ချောင်မော့ယွီ၏ အလင်းဖွင့်ခြင်းအခမ်းအနားကြောင့် လုပေ့ကဲသည့် ဂီတလောကတွင် ညတွင်းချင်း နာမည်ကြီးလာခဲ့သည်။
ထို့အပြင် ကိစ္စအသေးအဖွဲများလည်း ရှိသေးသည်။ သူ့လို ဘယ်တုန်းကမှ ပိုက်ဆံ မကောက်ရဖူးသောသူသည် အမှတ်တမဲ့ ခေါင်းငုံ့လိုက်လျှင်ပင် ငွေအမြောက်အများ ကောက်ရတတ်လာသည်။
အစပိုင်းတွင် တိုက်ဆိုင်မှုတစ်ခုဟု သူထင်ခဲ့သော်လည်း သူတို့ မတော်တဆ မတွေ့ခင်အထိ မတော်တဆအဖြစ်အပျက်များ မည်မျှဖြစ်ပျက်နိုင်မည်နည်း။ အထူးသဖြင့် ထိုဆင်းရဲသည့်ရွာလေးတွင် ရက်အနည်းငယ်နေခဲ့စဥ်က သူသည် ယွမ်၁၀၀ ကျော်ကို ကောက်ရခဲ့သည်။ သို့ရာတွင် ပတ်ဝန်းကျင်မှလူများကို မေးလိုက်သောအခါ မည်သူမှ ပိုက်ဆံမပျောက်ကြပေ။
VOCÊ ESTÁ LENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
