အခန်း (၁၁) ရိုးရှင်းသောအဖြူရောင်ဝတ်စုံနှင့်အလှလေး (၂)

7.6K 581 0
                                        

အခန်း (၁၁) ရိုးရှင်းသောအဖြူရောင်ဝတ်စုံနှင့်အလှလေး (၂)

ဓာတ်ပုံဆရာက  သူမ၏ ခြေထောက်ကန်ချက် ဟန်ရေးပြနေစဉ်အတွင်း သူမပုံအား အောက်ဘက်မှ ရိုက်ကူးခဲ့သောကြောင့် သူမ ဆံပင်များက လုံးဝ ဖိုသီဖတ်သီ ဖြစ်နေခဲ့ပြီး မြေပြင်နှင့် ဆန့်ကျင်ဘက်ဖြစ်နေခဲ့ကာ ထိုရှုထောင့်က သူမ၏မျက်နှာအောက်ဘက်မှ အဆီပိုတွေအား ရှင်းလင်းစွာ မြင်နိုင်ပြီးတော့ အဝတ်အစားများမှာလည်း လေထဲ၌ ဖရိုဖရဲဖြစ်လို့နေပေသည်။ 

"ညီမ ဒီပုံတွေကိုရိုက်ကူးနေတဲ့အချိန်တုန်းက ချောင်းကြည့်လိုက်သေးတယ် ဒီထက်လှတဲ့ပုံတွေ အများကြီးရှိပါရဲ့နဲ့ ဘာလို့ ပုံလှလှလေးတွေကိုမတင်ပေးတာလဲမသိဘူး"

ရှောင်စုဟာ စိတ်ညစ်ညူးစွာ ညည်းတွားတော့သည်။ 

ပရိသတ်များ :"ဝိုး မိန်းကလေးဝမ်ရွှမ်းက အရမ်းလှတာပဲ အနီရောင်ဝတ်စုံလေးနဲ့ သူမအသားအရေနဲ့ လိုက်ဖက်လိုက်တာဟာ အမလေး ချစ်လို့သေပါပြီဟယ်"

"ကိုကိုဖေးချန်ကလည်း ရုပ်ရှင်လောကရဲ့ဘုရင်ပီသပါပေတယ် အား... ငါ့လောင်ကုန်းလေး ချောလိုက်တာ၊ တစ်သက်လုံးချစ်မှာနော် အူးမွ"

ဝါး ငါ့ ချစ်လင်လောင်ကုန်းလေးနဲ့ မိန်းကလေးဝမ်ရွှမ်းနဲ့လိုက်ဖက်ချက်ဟယ်။ အား... ဝမ်းတော့ဝမ်းနည်းပေမဲ့ နှစ်ယောက်သားတွဲမယ်ဆို အရမ်းသဘောတူတယ်နော်"

"ဟဲ့ နောက်ဆုံးပုံကြီးကိုလည်းကြည့်ပါဦး ဘယ်လိုကြီးရိုက်ထားတာတုန်း! ဒီတစ်ယောက်ကလည်း ချီးစားတဲ့ခွေးလိုမျိုး သဘာဝတရားကြီးကို ညစ်ညမ်းအောင်လုပ်တော့မယ်လို့ ငါဘာလို့ ခံစားနေရတာပါလိမ့်"

"နောက်ဆုံးပုံကြီးကလည်း ကြောက်ဖို့ကောင်းလိုက်တာဟယ်။ ဒီလိုပုံနဲ့များ ငါ့လောင်ကုန်းရဲ့ အချစ်ဦးအဖြစ် သရုပ်ဆောင်ချင်သေးတယ်။ ငါ့ကိုလာနောက်နေတာလားဟယ်"

"ချောင်မော့ယွီက ဘယ်သူလဲ၊  ဒီနာမည်ကြီးကို ငါ ကြားကိုမကြားဖူးပါဘူးဟယ်၊  ဘယ်လိုအားကိုးနဲ့ အရံဇာတ်ကောင်နေရာကို ရသွားတာလဲမသိဘူးနော်၊ ဒီပုံဆိုးပန်းဆိုးမကြီးရဲ့နေရာမှာ တခြားတစ်ယောက်ကို မြန်မြန်အစားထိုးပေးစမ်းပါဟယ်"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя