အခန်း(၃၃) အဓိကအမျိုးသမီးဇာတ်ကောင် (၃)

7.6K 607 0
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း(၃၃) အဓိကအမျိုးသမီးဇာတ်ကောင် (၃)

ချောင်မော့ယွီ ရိုက်ကွင်းမှ ထွက်လာပြီးနောက် စူပါမားကတ်ဆီသို့ အရင်သွားလိုက်သည်။ ချောင်မော့ယွီက လိုအပ်သည့်ချက်ပြုတ်စရာများကို ဝယ်ပြီး သူမ သားလေးအတွက် ဟင်းအချို့ ချက်ပြုတ်ပေးရန် စဉ်းစားထားလိုက်သည်။

ရှန်းရှီ ဒရမ်မာ​၏ ပထမဆုံးအပိုင်းက ပထမဆုံး ထုတ်လွှင့်သည့်အပတ်၌ ညဘက် ၁၂နာရီမှ ထုတ်လွှင့်လိုက်သော်လည်းကျန်သည့်အပိုင်းများက အပတ်စဉ် ည ၈နာရီ၌ ပုံမှန်ထုတ်လွှင့်ပေးလေ့ရှိသည်။ ယနေ့ည ထုတ်လွှင့်မည့်အပိုင်း၌ ချောင်မော့ယွီ​၏ ဇာတ်ဝင်ခန်း အများအပြား ပါဝင်တာကြောင့် လော့လော့နှင့် အတူကြည့်ရန် စီစဉ်ထားသည်။

ညနေပိုင်းသို့ ရောက်သည်နှင့် ချောင်မော့ယွီက ကျောက်ဖရုံသီး အသားလုံးစွပ်ပြုတ်ကို ချက်ပြုတ်လေသည်။ လော့လော့က စွပ်ပြုတ်ကို တစ်လုတ်ပြီးတစ်လုတ် မြည်းစမ်းရင်း သူ့မျက်ဝန်းများက အရသာရှိမှုကြောင့် တောက်ပနေသည်။ ထိုကြောင့် ချောင်မော့ယွီက

"ပေါင်ပေ့က မာမားကို အနမ်းတစ်ခါပေးရင် မာမားက ပေါင်ပေ့ကို အသားလုံးတစ်လုံး ကျွေးမယ် ဘယ်လိုလဲ"

ချောင်မော့ယွီက ပြောရင်းဆိုရင်း သူမပါးကို လော့လော့ဆီသို့ တိုးသွားလိုက်သည်။

သည်ပိုးတုံးလုံးလေး​၏ ရှည်လျားသည့် မျက်တောင်များက ရှက်ရွံ့မှုကြောင့် အောက်သို့ ငုံ့ကျနေသည်။ မျက်နှာတစ်ပြင်လုံးက နီရဲနေသော်လည်း လော့လော့က အားတင်းလိုက်ပြီး ပေါ့ပေါ့ပါးပါး ရယ်လိုက်ကာ အသံတိုးလေးဖြင့်

"တကယ်လို့ မာမားလည်း အသားလုံးစားချင်ရင် ပေါင်ပေ့ကို နမ်းရမှာနော်"

ချောင်မော့ယွီက လော့လော့ စကားကြောင့် အံ့ဩမှင်တက်သွားမိသည်။ အကြောင်းအရင်းမူကား သည်တစ်ကြိမ်က လော့လော့အနေနှင့် သူမနှင့် အနေပိုနီးရန် ချဉ်းကပ်သည့်ပထမဆုံးအကြိမ် ဖြစ်တာမို့ပင်။
ချောင်မော့ယွီက လော့လော့နှင့် နီးနီးကပ်ကပ် ထိုင်လိုက်ပြီး

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя