စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၅၈) ကိုယ်အရမ်းအူတိုနေပြီ (၁)
ရှင်းရီချန်သည် ယဲ့ဖေးချန်းကို ပြန်မချေပပေ။ သူ့မျက်လုံးများသည် ချောင်မော့ယွီ၏ လက်ကောက်ဝတ်ပေါ်သို့ ကျနေကာ စဥ်းစားနေမိလေသည်။
“မော့ယွီ အခုလေးတင် မင်းလက်မှာ ဝတ်ထားတဲ့လက်ကောက်လေးက အရမ်းလှတာပဲ၊ အခုကျတော့ ဘယ်ရောက်သွားတာလဲကွယ်...”
ရှင်းရီချန်သည် ထိုအရာမှာ အလွန်ထူးခြားသည်ဟု တွေးမိနေ၏။
ဘယ်အရာမှ အကြောင်းအရင်းမရှိဘဲ ပေါ်လာပြီး ပျောက်မသွားဘူးလေ။ ဒါက ငါ အမြင်မှားတာ သက်သက်ပဲလား။
သူသည် ယဲ့ဖေးချန်းကို လှည့်ကြည့်လိုက်၏။ တစ်ဖက်လူ၏မျက်လုံးထဲ ပြောင်းလဲမှုမရှိသည်ကို မြင်လိုက်ရပြီး ထိုအရာကို သူတစ်ယောက်သာ မြင်လိုက်ရသည်ဟု ကောက်ချက်ချလိုက်လေသည်။
ငါ အမြင်မှားတာပဲဖြစ်ရမယ်....
သူ့ဦးနှောက်သည် အနည်းငယ် ရှုပ်ထွေးနေရာ သူ့အတွေးများကို ပြန်စဥ်လိုက်၏။ ခဏကြာပြီးနောက် နောက်ဆုံးတွင် ရှင်းရီချန်သည် ယဲ့ဖေးချန်း၏လက်မောင်းထဲမှ ချောင်မော့ယွီကို ကြည့်ကာ မေးလိုက်လေသည်။
“ မင်း တကယ်ပဲ သူနဲ့တွဲနေတာလား”
“အင်း”
ချောင်မော့ယွီသည် မူလခန္ဓာကိုယ်ပိုင်ရှင်က နောက်ဆုံးတွင် ထွက်သွား၍လားမသိပေ စိတ်ခံစားချက်အနည်းကို ခံစားနေရသေးသော်လည်း သူမ၏ခန္ဓာကိုယ်သည် ပို၍ ပေါ့ပါးလာတော့သည်။ သူမ၏အသံမှာ အက်နေသေး၏။
“ ကျွန်မတို့ တွဲနေပြီ၊ ဒီကိစ္စက ပြောင်းလဲသွားမှာမဟုတ်ဘူး”
ရှင်းရီချန်သည် တစ်စုံတစ်ခုကို ကြိုးစားတော့မည်ဟု ထင်လိုက်သော်လည်း သူသည် ညင်သာစွာ မေးလာ၏။
“မော့ယွီ ကိုယ်အရမ်းနောက်ကျသွားပြီလား”
“အင်း ပြန်လှည့်လို့မရတော့တဲ့အထိ နောက်ကျသွားပြီ”
ချောင်မော့ယွီသည် မသိမသာ သက်ပြင်းချလိုက်မိလေသည်။
သူသာ လွန်ခဲ့တဲ့နှစ်တွေကတည်းက ပြန်လှည့်လာခဲ့ရင် ၊ သူသာ ချောင်ရို့ဟွမ်နဲ့ပေါင်းပြီး ငါလေးကို နာကျင်အောင် မလုပ်ခဲ့ရင် အရာအားလုံးက ပြောင်းလဲသွားနိုင်ကောင်းပါရဲ့။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
