အပိုင်း(၈၈) ဖခင်တစ်ယောက်ရဲ့ပုံဿဏ္ဌာန် (၂)

4.7K 434 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း(၈၈) ဖခင်တစ်ယောက်ရဲ့ပုံဿဏ္ဌာန် (၂)

“ သားနာမည်က လော့လော့ပေါ့”

ယဲ့ဖေးချန်းသည် လော့လော့၏မျက်နှာအမူအရာကို မမြင်ရသော်လည်း ပိုးတုံးလုံးလေး၏ ပြုံးနေသည့်မျက်လုံးကို စိတ်ကူးကြည့်လို့ရလေသည်။

ခံစားချက်တွင် နစ်မျောသွားသဖြင့် သူ့အသံမှာ ပြုံးရိပ်သန်းနေသည်။

“ အခုလို အမြင့်မှာ နေရာတာကြိုက်လား”

“ကြိုက်တယ်”

ကောင်လေးသည် စိတ်လှုပ်ရှားသဖြင့် လက်ခုပ်တီးလိုက်လေသည်။

“ လော့လော့ တခါမှ ဒီလောက် အရပ်မရှည်ဖူးဘူး အရမ်းကြိုက်တာပဲ”

ချောင်မော့ယွီသည် နှစ်ယောက်သားပြန်ရောက်မလာသေးသဖြင့် စိတ်ပူနေစဥ် ရုတ်တရက် သူမရှေ့က မြင်ကွင်းကို တွေ့လိုက်ရတော့သည်။

လော့လော့သည် ယဲ့ဖေးချန်း၏ပခုံးပေါ်တွင် ထိုင်ကာ ပျော်ပျော်ပါးပါး ကနေလေသည်။ ယဲ့ဖေးချန်းသည် သူလေး ပြုတ်ကျမည်စိုးသဖြင့် တစ်ဖက်က ကောင်လေး၏ခါးကို ကိုင်ထားပြီး ကျန်တစ်ဖက်က သူလေး၏ခြေသလုံးသေးသေးလေးကို ကိုင်ထား၏။ နှစ်ယောက်သားသည် ရယ်မောနေကြပြီး နေရာင်ခြည်ကလည်း သူတို့အပေါ်ဖြာကျနေ၏။ ထိုယောကျ်ားသည် လက်ရှည်နှင့် စတိုင်ပင်ကို ဝတ်ထားပြီး ကောင်လေးမှာ အစိမ်းရောင် တာအိုရသေ့ဝတ်ရုံကို ဝတ်ထားသော်လည်း နှစ်ယောက်ကြားတွင် ထူးဆန်းသည့် လိုက်ဖက်ညီမှုတစ်ခုရှိနေလေသည်။

ယဲ့ဖေးချန်းသည် လော့လော့နှင့်အတူ သူမရှေ့တွင် ရပ်လိုက်ချိန်တွင် ပခုံးပေါ်မှ ပိုးတုံးလုံးလေးသည် လက်ထဲက သစ်ရွက်ကို ကိုင်မြှောက်ပြပြီး ပြောလာသည်။

“ မား- ဆရာကြီး ဦးဦးက သားကို ချီထားတယ်”

ထိုအခိုက်အတန့်တွင် ချောင်မော့ယွီသည် အတွေးလွန်သွားတော့သည်။ သူမသည် လော့လော့အပေါ် မည်မျှပင် ကောင်းသည်ဖြစ်စေ သူမသည် ကလေး၏စိတ်ထဲက သူ့အဖေနေရာကိုတော့ အစားထိုးနိုင်မည် မဟုတ်ကြောင်းကို ရုတ်တရက် ခံစားမိသွားသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant