စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki125
အပိုင်း (၁၂၅) အချင်းချင်းကိုက်ကြခြင်း (၂)
ချောင်မော့ယွီ၏စျေးဆိုင်မှ ထိုအန်တီ ထွက်လာသည်ကို သိလိုက်ရပြီးနောက် ဘဝင်မကျသည့် အေးစက်စက်အအပြုံးတစ်ခုသည် ချောင်ရို့ဟွမ်၏ မျက်လုံးအောက်ခြေတွင် ဖြတ်ပြေးသွားတော့သည်။
သို့သော်ငြား သူမ၏မျက်လုံးများသည် နွေးထွေးကာ တောက်ပနေပြီး မော့ကြည့်ကာ ပြောလိုက်သည်။
“အန်တီ ဒါက ကျွန်မ စျေးမှာ ပထမဆုံးအကြိမ် လာရောင်းတာပါ ပြီးတော့ အန်တီက ကျွန်မရဲ့ ပထမဆုံးဝယ်သူပါ၊ ဒါကြောင့် စျေးသက်သက်သာသာနဲ့ ရောင်းပေးလိုက်မယ်နော်၊ ဒါက သာမန်အတွဲတစ်ခုဆိုတော့ ယွမ် ၈၀၀ တခြားနှစ်တွဲကတော့ ယွမ်၁၂၀၀ ပါ၊ အကောင်းဆုံးသစ်ကြားသီး အတွဲကတော့ သူတို့က တစ်ပုံထဲတူလို့ ယွမ် ၁၀,၀၀၀ ပါ”
အန်တီသည် မနေနိုင်တော့ဘဲ သူမ၏မျက်ခုံးများကို တွန့်ထားလိုက်၏။
“ အရမ်းစျေးကြီးတယ်”
“အန်တီက ကျွန်မရဲ့ဆိုင်ကို လာတယ်ဆိုကတည်းက ပစ္စည်းကောင်းကို သေချာသိလို့လေ၊ ပြီးတော့ ဒါတွေက လတ်ဆတ်သေးတယ် အရည်အသွေးကလဲ တော်တော်ကောင်းပါတယ်”
ချောင်ရို့ဟွမ်သည် စိတ်ရင်းဖြင့် သူမကိုကြည့်လိုက်၏။
“ အခုတလော ကျွန်မတို့တွေ ငွေပြတ်နေလို့လေ ဒါကြောင့် ဒါတွေကို စျေးသက်သက်သာသာနဲ့ ရောင်းနေတာပါ၊ အန်တီ ဒါကို ဝယ်ပြီးတော့ ကစားတာပဲဖြစ်ဖြစ် စုဆောင်းတာပဲဖြစ်ဖြစ် လက်ဆောင်ပေးတာပဲဖြစ်ဖြစ် တစ်ခုမှ အရှုံးမရှိပါဘူး”
ဘေးမှ နားထောင်နေသည့်ချင်းချန်ချန်သည် ချောင်မော့ယွီကို အံ့အားသင့်စွာ ပြောလိုက်လေသည်။
“ဘုရားရေ ချောင်ရို့ဟွမ်က အရင်ကများ ဆိုင်ဖွင့်စားဖူးတာလား၊ သူမက စကားပြောသိပ်ကောင်းတာပဲနော်”
ချောင်မော့ယွီ၏နှုတ်ခမ်းများသည် တွန့်ချိုးသွားပြီးနောက် သူမသည် ပန်းကုံးများကိုသာ ဆက်ကြည့် နေလိုက်သည်။
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...