စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၈) နှိုင်းယှဥ်ခြင်းများ (၃)
တခြားဖက်တွင် ရှင်းဝမ်ရွှမ်းသည် ချောင်မော့ယွီက ငါးမျှားကြိုးခဲသီးကို မသုံးပဲ ငါးမျှားချိတ်ကို ရေထဲသို့ သည်အတိုင်းချလိုက်သည်ကို သတိထားမိသွားသည်။ သူမသည် ချောင်မော့ယွီ လုပ်နေသည့် အရာများကို သေချာမသိချေ။
သူမက ကျန်းထိုက်ကုန်း ငါးမျှားနေတာလို့ များထင်နေတာလား။ ကြည့်ရတာ သူမရဲ့အဖွဲ့ကတော့ ဒီနေ့ည စားစရာမရတော့မဲ့ပုံပဲ။
(T/N ကျန်းထိုက်ကုန်း - ရှန်းမင်းဆက်က အရာရှိငယ်လေးဖြစ်ပြီးငါးဖမ်းတဲ့နေရာမှာ အစွမ်းထက်တဲ့ မှော်အစွမ်းရှိတယ်တဲ့။ ဘယ်လို ငါးမျှားတံ ၊ ငါးမျှားကြိုးတိုပြီး ဘယ်လိုချိတ်ပဲသုံးသုံး ငါးတွေက ချိတ်မှာလာဟပ်ကြတယ်)
ထိုအခိုက်အတန့်တွင် သူမဘေးမှ ဝမ်ခုံးမင်သည် ရုတ်တရက် အသက်အောင့်လိုက်ပြီး ပြောလိုက်လေသည်။
“ တစ်ခုခု ချိတ်ကို လာဟပ်နေတယ်”
ငါးမျှားချိတ် နစ်သွားသည်ကို သတိထားလိုက်မိသဖြင့် သူသည် ကြိုးစားဆွဲယူလိုက်သော်လည်း ငါးသည် သူ့ကို ကျီစယ်နေသည့်အလား ပြန်ကူးထွက်သွားကာ ထိုအလေးချိန်သည် မကြာမီ ပျောက်ကွယ်သွားတော့သည်။
သူ့ဘေးမှချောင်ရို့ဟွမ်သည် မေးလိုက်၏။
“ အစ်ကိုဝမ် အသင့်ဖြစ်ပြီလား”
“မဖြစ်သေးဘူး”
သူသည် နောင်တရနေသည့်ပုံနှင့် ပြန်ဖြေလိုက်လေသည်။
“အခုလေးတင် ငါးကြီးတစ်ကောင်လာချိတ်တာ ခံစားလိုက်ရတယ် ဒါပေမဲ့ ချိတ်ကိုဆွဲလိုက်တော့ ဒီတိုင်း ပြန်ကူးထွက်သွားတယ်”
“ရပါတယ်၊ စောသေးတာပဲလေ၊ နောက်ကျရင် ပိုဖမ်းမိမှာပါ”
ချောင်ရို့ဟွမ် နှစ်သိမ့်လိုက်၏။ သူမသည် လမ်းတစ်လျှောက် ခူးလာသောအသီးများကို ယူလိုက်ပြီး ရေနှင့်ဆေးကာ သူ့အသင်းသားကို ပေးလိုက်လေသည်။
ထိုအချိန်တွင် ချောင်မော့ယွီသည် ကျောက်တုံးပေါ်တွင် တည်ငြိမ်သောမျက်နှာထားနှင့် ထိုင်နေလေသည်။ သူမ၏လက်ညှိုးသည် ငါးမျှားကြိုးကိုရစ်ထားရင်း လေထဲတွင် စက်ဝိုင်းပုံ ဖြည်းညင်းစွာဝေ့ယမ်းနေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
