စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၉၅) အမှန်တရား (၁)
သည်နေ့မှ ချောင်မော့ယွီသည် ထုတ်လုပ်ရေးစတူဒီယို သို့စောစီးသွားရောက်သွား၏။ သူမသည် ရိုက်ကူးစရာမရှိသေးသည့်အတွင် သူမ၏ဇာတ်ညွှန်းကို အတန်ကြာဖတ်နေရင်း သူမ၏ဖုန်းသည့် အသံမြည်လာလေသည်။ သူမသည် အသိပေးချက်ကို ကောက်ကြည့်လိုက်လေသည်။
Weiboအသိပေးချက်တစ်ခုဖြစ်ပြီး သတင်းခေါင်းစဥ်သည် ချောင်မော့ယွီ၏မျက်လုံးကို ဖမ်းစားလိုက်တော့သည်။
[ ရှင်းစီးပွားရေးအုပ်စုက ချောင်အုပ်စုကို တရားဝင်လက်လွှဲယူဖို့ စတင်၊ ချောင်ကျိုးဟိုင် လူသတ်မှုသံသယရှိသူအဖြစ် ထိန်းသိမ်းခံရ]
ချောင်မော့ယွီသည် ထိတ်လန့်သွားပြီး သတင်းအကြောင်းအရာကို ဖွင့်ကြည့်လိုက်လေသည်။
သတင်းထဲတွင် ချောင်ကျိုးဟိုင်၏ နောက်မိန်းမဖြစ်သူ၏ညီမက သက်သေအထောက်အထား တင်ပြထားပြီး ချောင်ကျိုးဟိုင်ကို လူသတ်သမားအဖြစ် တရားစွဲဆိုထား၏။ သက်သေသည်ချောင်ကျိုးဟိုင်ကို ထောက်ပြနေသောကြောင့် ရဲများက ထိုကိစ္စကို တရားဝင်စုံစမ်းမှုတစ်ခု စတင်ခဲ့၏။
ချောင်ရို့ဟွမ်သည် သူမ၏ဖခင်ကိုယ်စား နေရာတိုင်းကို သွားရောက်ခဲ့သော်လည်း လောကကြီးသည် နေမြဲအတိုင်းပင်။ သူမတွင် အင်အားရှိစဥ်က လူတိုင်းက ထိုအရာကို အနည်းအကျဉ်းဖြစ်ဖြစ် လိုချင်ကြသော်လည်း ယခုမူ အားလုံးသည် သူမတွင် အင်အားမရှိတော့သည့်အတွက် မသိချင်ဟန်ဆောင်နေကြသည်။
Weibo ဓာတ်ပုံထဲတွင် ချောင်ရို့ဟွမ်သည် ရှင်းစီးပွားရေးအုပ်စု ဧည့်ကြိုကောင်ရှေ့တွင် ရှိနေ၏။ သူမသည် ပူပန်သောကရောက်နေသည့် အမူအရာဖြစ်နေပြီး သူမ၏မျက်နှာမှာ အလွန်ချည့်နဲ့နေသည်။ သူမသည် ရှင်းရီချန်ကို စောင့်ဆိုင်းနေဟန် ပေါ်သော်လည်း တဖက်လူမှာ သူမကို လုံးဝမတွေ့ချင်ပေ။
ချောင်မော့ယွီသည် သက်ပြင်းချလိုက်၏။ သူမသည် ပျော်ရွှင်မှုလည်း မဖြစ်သလို ဝမ်းလည်းမနည်းနေချေ။ သတင်းကို ဖတ်ပြီးသွားချိန်၌ သူမ၏လက်ထောက်က သူမအလှည့် ရောက်ပြီးဖြစ်ကြောင်း ဖုန်းခေါ်လာလေသည်။
ANDA SEDANG MEMBACA
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Cintaချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
