အပိုင်း(၄၇) အတိတ်ဖြစ်ရပ် (၂)

4.9K 459 3
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း(၄၇) အတိတ်ဖြစ်ရပ် (၂)

ချောင်မော့ယွီသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ လော့လော့ ကိုယ်ဝန်ရလာခြင်း မှတ်တမ်းကို မြင်လိုက်ရသောအခါ တုန်လှုန်သွားတော့သည်။

အောက်တိုဘာ ၅၊ ၂၀၁၅။ ငါတော့ ရူးသွားပြီ ထင်တာပဲ။ ဘာလို့လဲဆိုတော့ စိတ်တောင်မကူးဖူးတဲ့ဟာမျိုးကို ငါလုပ်မိသွားတယ်လေ။

ကိုကိုရီချန်က ဟိုတယ်ကို သွားတာ ငါသိနေတော့ သူ့နောက် လိုက်သွားမိတယ်။

အမှောင်ခန်းတစ်ခုပဲ။ ပြီးတော့ ယောကျ်ားတစ်ယောက်ရဲ့ အသက်ရှူသံကိုပဲ ငါကြားရတယ်။ ငါ စိတ်လှုပ်ရှားနေပေမဲ့ ဒါက ငါ့ရဲ့ တစ်ခုထဲသောအခွင့်အရေးဆိုတာ ငါသိလိုက်တယ်။

ငါ သူ့နားရောက်သွားတော့ သူက ငါ့ကို အိပ်ရာပေါ် ဆွဲလှဲလိုက်ပြီး ငါ့အဝတ်အစားတွေကိုလဲ ဆွဲဖြဲပစ်လိုက်တယ်။

ငါ ကြောက်သွားတယ်။ သူဘာလို့ အဲလိုလုပ်လဲ ငါမသိဘူး။ သူ ငါ့ကို ယွီရို့ဟွမ်နဲ့ မှားသွားတာလား။

ငါ့တစ်ကိုယ်လုံး ကိုက်ခဲနေတော့တယ်။ငါ့အပေါ် ဘယ်လို ချစ်ခင်ရမလဲဆိုတာ သူမသိပေမဲ့ သူ့အမျိုးသမီး ဖြစ်ရတာ ငါပျော်တယ်လေ....

ချောင်မော့ယွီသည် စာကိုဖတ်နေရင်း သက်ပြင်းများချမိတော့၏။ သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ လုပ်ရပ်ကို လုံးဝ လက်မခံနိုင်ဖြစ်ရသည်။

ဒီလိုကိစ္စမှာ အဲလိုလူရှိနိုင်သေးတယ်လား။ သူတို့ရဲ့ ဆင်ခြင်တုံတရားတွေမဲ့ပြီး သူတို့ရဲ့ စည်းတွေကို တွေဝေမှုမရှိဘဲ ဖယ်ထားပြီး ဒီလို အံ့ဩစရာကောင်းတဲ့လုပ်ရပ်ကို ကျူးလွန်နိုင်ကြတယ်တဲ့လား။

နောက်ပိုင်း သူမ၏ဒိုင်ယာရီထဲတွင် မူလခန္ဓာကိုယ်ပိုင်ရှင်သည် ပြန်လမ်းမရှိသည့် အမှောင်ထဲ တဖြည်းဖြည်း ကျရောက်သွားပုံကို သူမ တွေ့လိုက်ရတော့သည်။

သူမသည် သက်ပြင်းချလိုက်စဥ် သူမ၏မျက်လုံးများသည် သူမလွတ်သွားသော နေရာတစ်ခုဆီသို့ ရုတ်တရက် ဆွဲခေါ်ခံလိုက်သည်။ မူလခန္ဓာကိုယ်ပိုင်ရှင်က ရေးထားခဲ့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now