အခန်း(၃)သွေးဆောင်ဖျားယောင်တဲ့ပုံရိပ်တစ်ခု (၃)
ချောင်မော့ယွီက ရှင်းရီချန်ကို ရန်စရန် အတော်လေး ပျင်းရိနေပေသည်။ ချောင်မော့ယွီက ကြမ်းပြင်ကိုစိုက်ကြည့်လိုက်ပြီးတော့
" ရှင်းရီချန် နင် ငါ့အဝတ်တွေကိုဘယ်မှာဖွက်ထားလဲ"
သူ့နာမည်အပြည့်စုံကို ချောင်မော့ယွီ ပထမဆုံးအကြိမ် ခေါ်လိုက်သည်ကို ကြားလိုက်ရသည့် ထိုသူဟာ သူမကို အထင်အမြင်သေးသလိုဖြင့် ပြုံးလိုက်သည်။ ရှင်းရီချန်က သူ့ခန္ဓာကိုယ်ဟာ အလွန်အမင်း ပူလာသကဲ့သို့ ခံစားလိုက်ရပြီး သူ့ရှပ်အင်္ကျီ ကော်လံအား စိတ်တိုတိုဖြင့် ဆွဲဖြဲပစ်လိုက်သည်။
"မင်းကိုယ်တိုင် မင်းအဝတ်တွေကို ပြတင်းပေါက်က လွှင့်ပစ်လိုက်တာ မဟုတ်ဘူးလား"
ဝေါင်း ဒီလိုကိစ္စမျိုးလည်းရှိသေးတာလား၊ မူလချောင်မော့ယွီက စောက်ရမ်းသတ္တိရှိလိုက်တာဟယ်။
လက်ရှိ ချောင်မော့ယွီသည် သူမကို တိတ်တဆိတ် ချီးကျူးလိုက်မိသည်။
ထို့နောက် သူမ ထရပ်လိုက်ပြီးတော့ ဒီလူနှင့် ထပ်အငြင်းမပွားတော့ဘူးဟု ဆုံးဖြတ်ကာ အိပ်ခန်းငယ်ဆီသို့ တစ်လှမ်းချင်း တစ်လှမ်းချင်း လျှောက်သွားလိုက်ပေ၏။
အဝတ်ဝတ်ပြီးရင် တန်ဖိုးမရှိတဲ့ ခြင်သွေးလို ဆက်ဆံခံနေရတဲ့ ဒီအိပ်မက်ကနေ ငါလေး ပျော်ပျော်ကြီး လစ်ထွက်သွားတော့မှာ။
"မင်းမှာ နောက်ထပ်ဘာအကြံအစည်ရှိသေးလဲ"
ရှင်းရီချန်၏ မျက်လုံးများက အန္တရာယ်အငွေ့အသက်ဖြင့် ပြည့်နှက်လာပေတော့သည်။
ချောင်မော့ယွီက ပခုံးတွန့်ပြလိုက်ပြီး မထူးဆန်းသည့်လေသံဖြင့်
"ဝက်အသားတွေနဲ့ ပြည့်နှက်နေတဲ့ ငါလေး ခန္ဓာကိုယ်ကို ဖုံးတော့မလို့လေ"
ငါ့ရဲ့ဆွဲဆောင်မှုရှိလှတဲ့ ခန္ဓာကိုယ်လေးကို ဝက်တစ်ကောင်ကို ကြည့်နေရတာနဲ့တူတူပဲလို့ နင်ပဲပြောခဲ့တာလေ။
သူမက အိပ်ခန်းငယ်ဆီသို့ ဝင်သွားလိုက်သည်နှင့် အဝတ်ဗီရိုကို မြင်လိုက်ရကာ ရှပ်အင်္ကျီအသစ်၊ ဘောင်းဘီအသစ်အများအပြားကို တွေ့လိုက်ရလေသည်။ ရှင်းရီချန်က အရပ်အလွန်ရှည်ပေ၏။ ထို့ကြောင့် သူမက ချိတ်ထားသည့်ရှပ်အင်္ကျီတစ်ထည်အား ယူလိုက်ပြီးဝတ်လိုက်ပေသည်။ ထိုရှပ်အင်္ကျီဟာ သူမ ဒူးအထက် ဆယ်စင်တီမီတာလောက်အထိကို ရောက်နေခဲ့တာကြောင့် စကပ်တစ်ထည် ဝတ်ထားရသကဲ့သို့ဖြစ်နေသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
