အပိုင်း(၆၅) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု(၅)

4.7K 449 12
                                    

ဘာသာပြန်သူ YuuKi

အပိုင်း(၆၅) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု(၅)

ရှင်းစီးပွားရေးအုပ်စု၏ ဝန်ထမ်းတစ်ယောက်ဟု ပြောနေသော လူသာလျှင် သည်သတင်းကို ဖွင့်ချခဲ့တာဖြစ်သည်။

ပြီးခဲ့တဲ့ တစ်လလောက်က ချောင်မော့ယွီက ရှင်းရီချန်ရဲ့အခန်းထဲ ဝင်သွားပြီး တစ်နာရီလောက်ကြာတော့ ပြန်ထွက်လာတယ်၊ ဒါပေမဲ့ ဝင်သွားတုန်းက အဝတ်အစားနဲ့ ပြန်ထွက်လာတဲ့အဝတ်အစားက မတူဘူးဖြစ်နေတယ်။

ထိုဝန်ထမ်းသည် ရှင်းရီချန်ဟာ သူ့ရေချိုးခန်းထဲမှာ ရေအေးနဲ့ ထုံးစံအတိုင်းရေချိုးနေတာကို ချောင်မော့ယွီအတွက် အဝတ်အစား သွားပို့ပေးခဲ့တဲ့ မိုနီကာက သက်သေပြနိုင်တယ်ဟူ၍လည်း ပြောခဲ့သည်။

ထိုကြောင့် ထိုစကားသည် ချောင်မော့ယွီက ယောက်ျားတစ်ယောက်ကို မြူဆွယ်ရန် သူ့အဝတ်အစားများကို  ဆွဲဖြဲခဲ့သည်ဟု ကောက်ချက်နိုင်လေသည်။ ရှင်းရီချန်သည် ဆေးခတ်ခံထားရသောကြောင့် စိတ်အခြေအနေမှာ မရှင်းလင်းနေသော်လည်း သူသည် သူမကို အခိုင်အမာ ငြင်းပယ်ခဲ့သည်။ စိတ်တည်ငြိမ်သွားစေရန် သူ့ဟာသူ ရေချိုးခဲ့ပြီး အဝတ်အစားလဲကာ ထွက်လာခဲ့သည်။

ထိုသတင်း ပျံ့နှံ့သွားသောအခါ အွန်လိုင်းက လူအကုန်လုံးသည် မကျေမနပ်ဖြင့် ဒေါသူပုန်ထသွားကြ၏။

အထူးသဖြင့် ဒေါသမီးကို ငြိမ်းသက်ထားရသော ယဲ့ဖေးချန်းဖန်များ၏ ဒေါသတို့သည် တစ်ဖန် တောက်လောင်လာပြန်၏။

“ချောင်မော့ယွီကို ဒီလိုကောင်မဖြစ်မယ်မှန်း လုံးဝ မထင်ထားဘူး”

“ ဒီလို ကိုယ်ကျင့်သိက္ခာမရှိတဲ့ မိန်းမက ဘယ်လိုများ ငါတို့ရဲ့ နတ်ဘုရားနဲ့ ယှဥ်ပြီး သရုပ်ဆောင်နိုင်ရတာလဲ”

“ ဒါက ချောင်မော့ယွီက  ‘အရုဏ်ဦးရဲ့လင်းရောင်ခြည်’ ဒရာမာအဖွဲ့ကနေ ထွက်သွားပြီး အားလုံးကို တောင်းပန်သင့်တယ်လို့ ပြောလိုက်တာပဲ”

သည်တစ်ကြိမ်သတင်းသည် ပြီးခဲ့သည့်တစ်ခေါက်ထပ် ပိုဆိုးရွားသွားလေသည်။ ချောင်မော့ယွီ ၏ Weibo ရှိ မှတ်ချက်များသည် သောင်းကျော်သွားပြီး အားလုံးနီးပါးမှာ နှစ်ပြားမတန်အောင် ရေးထားသော မှတ်ချက်များဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now