အပိုင်း (၁၆၁) ဒုတိယအကြိမ်စစ်ဆေးမှုမှတ်တမ်း (၁)

4K 424 5
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း (၁၆၁) ဒုတိယအကြိမ်စစ်ဆေးမှုမှတ်တမ်း (၁)

ဖေကြီးယဲ့သည် ဖိုင်ကို လက်ခံလိုက်ပြီးနောက် သူ့လက်ထောက်ကို ထွက်သွားရန် လက်ဝေ့ကာ အချက်ပြလိုက်၏။

စာကြည့်ခန်းအတွင်း၌ ဖေကြီးယဲ့တစ်ယောက်သာ ရှိတော့သည်။ သူသည် အသက်ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် ချိပ်ကို ချိုးကာ ဖွင့်လိုက်တော့သည်။

စာအိတ်ထဲတွင် သာမန်စာရွက်နှစ်ရွက်သာ ပါရှိသည်။ သို့သော် သူ၏စာရွက်ကို ကိုင်ထားသည့်လက်များသည် အံ့ဩစရာကောင်းလောက်အောင် လေးလံလာသယောင် ထင်နေရ၏။ အကြောင်းမှာ သူသည် မြေးလေးတစ်ယောက်ရရှိရန် အိပ်မက်ကို သယ်ဆောင်ထားသောကြောင့်ပင်။

ဖေကြီးယဲ့သည် စာမျက်နှာအပေါ်ပိုင်းကို ကျော်လိုက်ပြီး သူ့အကြည့်များသည် နောက်ဆုံးကောက်ချက်ဆီသို့ ချက်ချင်း ကျရောက်သွားတော့သည်။

အဖြူရောင်စာမျက်နှာပေါ်၌ အနက်ရောင်စာလုံးများဖြင့် ရေးသားထား၏။

“ လူနှစ်ယောက်၏ နမူနာနှစ်ခုသည် သွေးသားဆက်စပ်မှုအရ သားအဖတော်စပ်ရန်ဖြစ်နိုင်ခြေ ၉၉% ထက် မြင့်ပါသည်”

စာရွက်များသည် ဖေကြီးယဲ့၏လက်ထဲမှ လျှောကျသွားတော့သည်။ သူ့မျက်နှာပေါ်တွင် မည်သည့်ခံစားချက်မှ ပေါ်မနေချေ။ ထိုအခိုက်တွင် သူခံစားရမည်ဟု ထင်ထားခဲ့သည့် ပျော်ရွှင်မှုကို မခံစားလိုက်ရဘဲ သူ့စိတ်အစဥ်တစ်ခုလုံးသည် လေဟာနယ် ဖြစ်သွားတော့သည်။

အတန်ကြာပြီးနောက် နောက်ဆုံးတွင် သူသည် စာရွက်ကို တစ်ဖန် ကုန်းကောက်လိုက်လေသည်။

သည်တစ်ကြိမ်တွင် သူသည် စာရွက်ကို အစမှအဆုံး တစ်လုံးမှ မကျန်အောင် အလွန်ဂရုတစိုက်ဖတ်လိုက်၏။ သူသည် စာကိုဖတ်လေလေ သူ့နှုတ်ခမ်းထောင့်များသည် အပေါ်သို့ ကွေးတက်သွားလေလေ ဖြစ်လာတော့သည်။

နောက်ဆုံးစာကြောင်းသို့ရောက်လာချိန်တွင် သူသည် အသံထွက်ကာ အော်ရယ်လိုက်လေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းNơi câu chuyện tồn tại. Hãy khám phá bây giờ