စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၀၆) အတိတ်ကိုစုံစမ်းခြင်း (၁)ချောင်ရို့ဟွမ်သည် ရင်တုန်သွားလေသည်။ မသိမသာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး ရှင်းရီချန်ကို ပြုံးပြလိုက်ကာ ပြောလိုက်လေသည်။
“ကိုကိုရီချန် မော့ယွီက ယဲ့ဖေးချန်းနောက် အဲလိုသတ္တိနဲ့လိုက်ရဲလိမ့်မယ်လို့ ညီမ တစ်ခါမှမတွေးဖူးဘူး၊ သူမကိုကြည့်ရတာ သူ့ကို တော်တော်ကြိုက်နေတဲ့ပုံပဲ၊ သူတို့ရဲ့နေ့ရက်တွေကို ရိုက်ကွင်းမှာ အတူတူ ကုန်ဆုံးပြီးသွားတော့ သူတို့ရဲ့ဆက်ဆံရေးက ကောင်းကောင်းတိုးတက်လာတယ်ထင်တယ်နော်၊ ဒါကြောင့် သူမက အားလုံးရဲ့ရှေ့မှာ အဲဒါကို ပြဖို့ကြိုးစားနေတာနေမှာ”
သူမ၏စကားလုံးများသည် သူမညီမလေးအတွက် ပျော်ရွှင်မှုများနှင့် ပြည့်နေသည်ထင်ရသော်လည်း အမှန်တွင် ချောင်မော့ယွီနှင့် ယဲ့ဖေးချန်း၏ဆက်ဆံရေးကို အသားပေးပြောဆိုလိုက်ခြင်းပင်ဖြစ်သည်။
ထိုစကားကိုကြားလိုက်ပြီးနောက် ရှင်းရီချန်သည် ချောင်မော့ယွီကို ရွံရှာစွာ ကြည့်လိုက်လေသည်။
ထိုအချိန်တွင် အစီအစဥ်တင်ဆက်သူက မေးလိုက်လေသည်။
“မော့ယွီ နင်ငယ်ငယ်တုန်းက တောင်ပေါ်တက်ဖူးတယ်ဟုတ်လား၊ ငါ ထင်တာက နင်က မြို့ပေါ်မှာပဲ ကြီးတာလို့ ထင်နေတာ၊ ဒါဆို ငါးဖမ်းနည်းကိုရော အရင်တုန်းက ဘယ်လိုသင်ခဲ့တာလဲ”
ချောင်မော့ယွီသည် ရှင်းရီချန်က သူမကို ကြည့်နေသည်ကို သတိထားမိသွားပြီး ရင်တုန်သွားလေသည်။ သို့တိုင် သူမပြန်ဖြေလိုက်၏။
“ တကယ်တော့ ကြီးလာတော့ ငါ တောင် သိပ်မတက်ဖြစ်တော့ပါဘူး ၊ အစတုန်းက ငါ အပြင်ကို ခိုးထွက်ပြီး ကစားနေကျလေ၊ ဒါပေမဲ့ ငါ ၁၃နှစ်အရွယ်ရောက်တော့ တောင်ပေါ်မှာ မတော်တဆမှုတစ်ခုဖြစ်ပြီး နိုင်ငံခြားမှာ နှစ်ဝက်လောက် ကုသမှုခံယူလိုက်ရတယ်၊ အဲကတည်းက ပြန်မလာဖြစ်တော့တာပဲ၊ ဒီနေ့ငါးဖမ်းတာကတော့ ကံကောင်းသွားလို့ပါ၊ မနက်ဖြန် ငါ ငါးထပ်မျှားဖြစ်ရင်တော့ နင် ဗိုက်ပြည့်အောင် စားချင်မှ စားရတော့မှာ”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...