အခန်း(၃၅) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း(၂)

7.2K 547 1
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း(၃၅) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း(၂)

ဖုန်းရွှမ်းက မတတ်နိုင်ဘဲ အော်ရယ်မိသွားသည်။

"မစ္စတာရယ် အရိုးသားဆုံးပြောရမယ်ဆိုရင် ခင်ဗျား ဘာလို့ ရုတ်တရက်ကြီး ဒီဒရမ်မာကို ရင်းနှီးမြှုပ်နှံဖို့ စိတ်ဝင်စားသွားလဲဆိုတာကို ကျွန်တော်သိပ်သိချင်တာပဲဗျာ၊ သိတဲ့အတိုင်း ခင်ဗျားက ဖျော်ဖြေရေးလောကကို ဘယ်တုန်းကမှ ခြေချခဲ့ဖူးတာမဟုတ်ဘူးလေ"

“ဒီဟာက ငါတို့ကုမ္ပဏီရဲ့ခြေလှမ်းအသစ်လို့ပဲ ယူဆလိုက်ပေါ့"

ဖေကြီးယဲ့က စကားလမ်းကြောင်း လွှဲလိုက်ပြီး ဖုန်းရွှမ်းကို

" ကျုပ် အခု တောင်းဆိုတဲ့ကိစ္စကို ခင်ဗျား ဘယ်လိုမြင်လဲ"

"တကယ်လို့ ပရိသတ်တောင်းဆိုမှုတွေများရင် ချစ်ခင်ကြင်နာတဲ့အခန်းလေးတွေ နည်းနည်း ပိုထည့်ပေးမယ်လေ ဒီဟာကလည်း ပရိသတ်တွေအပေါ်မှာပဲမူတည်တာပါဗျာ ကျုပ်ကတော့ ခင်ဗျားသိတဲ့အတိုင်း ကိုယ့်သဘောနဲ့ကိုယ်ထည့်ပြီး အပိုတွေတော့မလုပ်ချင်ဘူး "

"ကောင်းပြီ ကျုပ်နားလည်ပြီ၊ ကျုပ်သား ယဲ့ဖေးချန်းက အခြား​ရိုက်ကူးရေးတွေ အကုန် ငြင်းထားတာဆိုတော့ ဒီဒရမ်မာရိုက်ကူးဖို့ အေးအေးဆေးဆေးစောင့်နေရုံပဲ"

"ဟုတ်ပြီ "

ဖုန်းရွှမ်းက ခေါင်းညိတ်လိုက်ပြီး

"ဇာတ်ကောင်နေရာတွေ ရွေးချယ်ဖို့ ကျုပ် ခပ်သွက်သွက်လေး လှုပ်ရှားလိုက်ပါ့မယ်"

……

နောက်တစ်နေ့၌  "မနက်အရုဏ်တက်ချိန်ရဲ့နေရောင်ခြည်လေး"ဒရမ်မာ​၏ သရုပ်ဆောင်ရွေးပွဲက တနင်္လာနေ့မနက် ၉နာရီမှစ သုံးရက်တိတိ ရွေးချယ်ကျင်းပမှာ ဖြစ်သည်။

အစ်မဝူက ချောင်မော့ယွီ​၏ အင်တာဗျူးကို အင်္ဂါနေ့နေ့လယ်ပိုင်း၌ စီစဉ်ပေးထားခဲ့သည်။ ချောင်မော့ယွီက ထိုဇာတ်လမ်းနှင့် မရင်းနှီးသောကြောင့် အိမ်၌ရှိနေသည့် ထိုရက်များ၌ သည်ဇာတ်ညွှန်းကို လေ့လာရန် ဆုံးဖြတ်လိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя