ဘာသာပြန်သူ Yuuki
အပိုင်း (၈၇) ဖခင်တစ်ယောက်ရဲ့ပုံဿဏ္ဌာန်(၁)
ချောင်မော့ယွီ၏နှုတ်ခမ်းထောင့်မှာ တွန့်ချိုးသွားသည်။ သူမသည် ထွက်သွားရန်ပြင်လိုက်စဥ် ယဲ့ဖေးချန်းက ပြောလိုက်၏။
“ ဟိုဘက်မှာ အများသုံးသန့်စင်ခန်းရှိတယ်၊ ငါ သူ့ကို ခေါ်သွားပေးမယ်”
ချောင်မော့ယွီ၏ ပြန်အပြောကို မစောင့်တော့ဘဲ ခြေလှမ်းကျဲဖြင့် လျှောက်သွားလိုက်သည်။
“ပေါင်ပေ့ ဦးဦး သားကို ခေါ်သွားပေးမယ်နော်”
ယဲ့ဖေးချန်းသည် ကိုယ်ကိုညွှတ်လိုက်ပြီး လော့လော့ကို ကောက်ချီလိုက်ကာ မြန်မြန် လျှောက်သွားလိုက်သည်။
ချောင်မော့ယွီသည် ငြိမ်သက်သွားလေသည်။
ယဲ့ဖေးချန်းက ငါ့သားလေးကို လုယူသွားတော့မယ်လို့ ဘာလို့ ခံစားနေရတာပါလိမ့်။
တစ်ဖက်တွင် ယဲ့ဖေးချန်းသည် လော့လော့ကို သန့်စင်ခန်းဆီခေါ်သွားလိုက်သည်။ ကောင်ကလေးက အပေါ့အပါးသွားပြီးသောအခါ သူသည် ပိုးတုံးလုံးလေးကို သုတ်ပေးလိုက်ပြီး ဘောင်းကို ပြန်ဝတ် ပေးလိုက်ပြီးနောက် သူ့အကြည့်သည် ပိုးတုံးလုံးလေး၏အင်္ကျီပေါ်သို့ ကျရောက်သွားလေသည်။ ယဲ့ဖေးချန်းသည် ငိုပဲငိုရမလို ရယ်ပဲရယ်လိုက်ရမလို ဖြစ်သွားတော့သည်။
ချောင်မော့ယွီသည် တခြားလူများကို အရူးလုပ်ရာတွင် တော်တော် ပညာသားပါလေသည်။ ကောင်လေးအတွက် သူမပြင်ဆင်ပေးထားသည့် ဝတ်စုံမှာ ရှေးခေတ်ဒရာမာတစ်ခုနှင့် သင့်တော်လှပေသည်။
သူသည် လော့လော့ကို မေးလိုက်၏။
“ ပေါင်ပေ့ သားရဲ့ဆရာက သားကို ဘယ်မှာတွေ့ခဲ့တာလဲဟင်၊ သားမိဘတွေကရော ဘယ်မှာလဲ”
လော့လော့က သူ့ရှေ့က ဒီဦးဦးက အရမ်းကောင်းတဲ့သူလို့ ခံစားလိုက်ရတယ်။ အထူးသဖြင့် အရင်တုန်းက စျေးဝယ်စင်တာမှာတုန်းက အဲဒီလူဆိုးတွေကို ကူပြီး ရိုက်ပေးခဲ့သေးတယ်။ ဒါပေမဲ့ မာမားက ဒီဝတ်စုံဝတ်ထားရင် စကားကို ဂရုမစိုက်ဘဲ မပြောရဘူးလို့ မှာထားတော့ သွားကို တင်းတင်းစေ့ထားပြီး မျက်လုံးဝိုင်းလေးတွေနဲ့ ယဲ့ဖေးချန်းကိုပဲ စိုက်ကြည့်နေလိုက်တော့တယ်။

BẠN ĐANG ĐỌC
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Lãng mạnချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...