အပိုင်း (၁၁၀) ငါ့ကို နာမည်နဲ့ခေါ် (၂)

6.6K 505 11
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
110
အပိုင်း (၁၁၀) ငါ့ကို နာမည်နဲ့ခေါ် (၂)

ချောင်မော့ယွီသည် ခေါင်းမော့ကာ ကောင်းကင်ကိုကြည့်လိုက်လေသည်။ မှောင်မည်းနေသော ကောင်းကင်ပေါ်တွင် လခြမ်းတစ်ခု ရှိနေသည်ကို မြင်ရသည်။

သူမ၏အသံသည် ပိုပျော့ပြောင်းသွားလေသည်။

“ မားမားမြင်နေရတဲ့လက လော့လော့မြင်နေရတဲ့လ နဲ့ အတူတူပဲ”

ကောင်ကလေးသည် ပို၍ပျော်ရွှင်သွားကာ စိတ်လှုပ်ရှားလျက်ပြောလိုက်လေသည်။

“ လက အရမ်းလှတာပဲ ဒါပေမဲ့ မာမားက ပိုလှတယ်”

“ပေါင်ပေ့လေးကလည်း အရမ်းလှတယ်လေ”

ချောင်မော့ယွီ ပြောလိုက်သည်။

“ လကိုမြင်နေရတယ်ဆိုတော့ အရမ်းနောက်ကျနေပြီဆိုတဲ့အဓိပ္ပာယ်လေ၊ လော့လော့လေးက လိမ်လိမ်မာမာနဲ့ အိပ်ရာဝင်ပြီး မျက်လုံးမှိတ်ပြီး အိပ်တော့နော်၊ ဒါမှ သားလေးက အရပ်ရှည်လာမှာလေ”

ကောင်ကလေးသည် သည်နေ့ညတွင် သူ့ဆန္ဒ ပြည့်သွားလေသည်။ သူသည် သူ့မာမားအသံကိုလည်း ကြားရသည်။ လော့လော့သည် သူ့အိပ်ရာသေးသေးလေးပေါ်သို့ ပျော်ရွှင်စွာတက်လိုက်ပြီး ပြောလိုက်လေသည်။

“ မားမား လော့လော့ လိမ်လိမ်မာမာနဲ့ အိပ်နေပြီနော်၊ တကယ်ပြောတာ”

ချောင်မော့ယွီ ပြန်ဖြေလိုက်သည်။

“ ဂွတ်နိုက်နော် လော့လော့လေး၊ အိပ်မက်လှလှမက်ပါစေ”

ကောင်ကလေး၏ နူးညံ့ပျော့ပြောင်းသော အသံနှင့် ပြောလိုက်လေသည်။

“ ဂွတ်နိုက် မာမား၊ မာမား လော့လော့လေးကို အိပ်မက် မက်ရမယ်နော်၊ လော့လော့လည်း မားမားကို အိပ်မက်မက်မယ်”

“ အိုကေ အိပ်မက်မက်မယ်လို့ ကတိပေးတယ်နော်”

ချောင်မော့ယွီသည် မနေနိုင်တော့ဘဲ သက်ပြင်းချမိသွားသည်။ လော့လော့၏ကမ္ဘာသည် အလွန်ရိုးရှင်းလေသည်။ အကြောင်းမှာ သူ့အတွက် သူ့မာမားသည် သူ့ကမ္ဘာကြီးတစ်ခုလုံး ဖြစ်ချေတော့သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant