အခန်း(၁၀) ရိုးရှင်းသောအဖြူရောင်ဝတ်စုံနှင့်အလှလေး (၁)
ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏ စိတ်ထဲ၌ တွေဝေနေမှုကို သတိမထားမိပေ။ သူ ဖုန်းပြောပြီးသွားသည်ကို မြင်လိုက်သည်နှင့် ချောင်မော့ယွီသည် စားပွဲပေါ်၌ ရှိသည့်သေတ္တာကို ညွှန်ပြလိုက်ပြီး
"ရှင်ယူလာခိုင်းတဲ့အရာက ဒီမှာနော်"
ထိုသို့ပြောပြီးသည်နှင့် ချောင်မော့ယွီသည် ချက်ချင်းပင် အခန်းထဲမှ ထွက်ခွာဖို့ ပြင်လိုက်သည်။
"ဒီဟာက ဘာလဲ"
ယဲ့ဖေးချန်းသည် စိတ်ရှုပ်မှုအတိုင်းသားဖြင့် ချောင်မော့ယွီ ယူလာသော သေတ္တာကို ကြည့်လိုက်သည်။
ချောင်မော့ယွီသည် ချက်ချင်းပင် ဘာတွေဖြစ်ပျက်နေပြီမှန်း သတိထားမိလိုက်သည်။
ကြည့်ရတာ ယဲ့ဖေးချန်းက ဒီဟာကိုယူလာဖို့ ဘယ်သူ့ကိုမှမခိုင်းဘူးထင်ပါရဲ့။
ချောင်မော့ယွီသည် ချက်ချင်းပဲ သေတ္တာအားကောက်ပွေ့လိုက်ပြီး
"အာ ဟဲဟဲ ဘာမှမဟုတ်ပါဘူး ကျွန်မလူမှားပို့မိတာ တောင်းပန်ပါတယ်နော်"
သို့သော် ယဲ့ဖေးချန်းက သူမကို ထွက်ပြေးရန် အခွင့်အရေး မပေးပေ။ သူ့မျက်လုံးတွေဟာ ဒီသေတ္တာပေါ်၌ အာရုံစိုက်လျက်ရှိပြီး အမိန့် အနည်းငယ်စွက်နေသော လေသံဖြင့်
"ချထားလိုက်"
ထို့နောက် ထိုင်နေရာမှ ထရပ်ကာ ချောင်မော့ယွီဆီသို့ လျှောက်သွားလိုက်သည်။
ဒီလူဟာ အရပ်မြင့်တယ်။ အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး အေးစက်တည်ငြိမ်းတဲ့အရှိန်အဝါအား လွှင့်ထုတ်နေသယောင်။
ချောင်မော့ယွီက သေတ္တာကို ကမ်းပေးလိုက်ကာ
"ကြည့်ချင်ရင်ကြည့်လို့ရတယ်နော်"
ယဲ့ဖေးချန်းသည် အဖြူရောင်သေတ္တာကို ဖွင့်ကြည့်လိုက်တော့ နှင်းဆီပွင့်ဖတ်များဖြင့် အလှဆင်ထားသော အနီရောင်အသည်းပုံကိတ်မုန့်ကို မြင်လိုက်ရသည်။
ယနေ့က ယဲ့ဖေးချန်း၏ ၂၇နှစ်မြောက် မွေးနေ့ဖြစ်ပေရာ ရုပ်ရှင်လောက အသိုင်းအဝိုင်းကသာလျှင် သူ့မွေးနေ့ကို သိကြသည်။ သို့သော် သူဟာ အေးအေးဆေးဆေး နေတတ်သည့်သူ ဖြစ်တာကြောင့် မွေးနေ့ပွဲကျင်းပရန် အစီအစဉ်မရှိပေ။
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
BẠN ĐANG ĐỌC
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Lãng mạnချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...