စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း(၉၅) အလှူပေးခြင်း (၃)
ချောင်မော့ယွီသည် သူမ၏ရှေ့က ပြားချပ်ချပ်ပေါင်မုန့်လုံးလေးကို ကြည့်ကာ လော့လော့ကို မေးလိုက်လေသည်။
“ပေါင်ပေ့က ဂျုံကိုသုံးပြီး ကြက်ဥလေးတွေ လုပ်ထားတာလား”
လော့လော့သည် ခေါင်းခါပြလိုက်ပြီး အားတက်သရော ပြန်ဖြေလိုက်သည်။
“ဟုတ်ဘူး၊ လော့လော့ မာမားလို လုပ်ထားတာ”
ချောင်မော့ယွီသည် ကျကွဲနေသာကြက်ဥပုံစံလေးကို ခဏလောက်ကြည့်လိုက်ပြီး ချီးမွမ်းစကား ပြောလိုက်လေသည်။
“ဝိုး လော့လော့လေးက တော်လိုက်တာ ၊ ဒီလိုကောင်းကောင်းလုပ်ထားတာပဲ”
ကောင်ကလေးသည် ရှက်ရွံ့စွာ ငုံ့ကြည့်လိုက်သည်။ သူသည် ပိုငယ်သည့်ကြက်ဥပုံလေးဂျုံနှစ်ကိုယူပြီး ချောင်မော့ယွီ၏ဂျုံလုံးလေးဘေးတွင် ထားလိုက်သည်။
“ ဒါက လော့လော့လေ”
သူသည် မုန့်ဖုတ်ဘန်းထဲမှ အကြီးနှင့်အငယ်ကြက်ဥလုံးများကို ငေးကြည့်ရင်း သူမ၏နှလုံးသားသည် မထင်မှတ်ထားပဲ ပျော့ပြောင်းသွားလေသည်။ သူမသည် ကောင်လေးဘက်လှည့်ကာ သူ့ပါးလေးကို နမ်းလိုက်တော့သည်။
“မာမားက ပေါင်ပေ့ကြီးလာတာကို စောင့်ကြည့်ဖို့ အမြဲဘေးမှာရှိနေမှာ သိလား”
ထိုစကားကို ကြားလိုက်ပြီးနောက် လော့လော့၏မျက်လုံးသေးသေးလေးများသည် အချိန်တစ်ခုအထိ တောက်ပသွားလေသည်။ သူ့လက်ကလေးနှင့် ချောင်မော့ယွီ၏ပါးကို အနားသို့ ဆွဲကပ်လိုက်ပြီး မှီလိုက်ကာ အနမ်းတစ်ခုကို စိုက်ပျိုးလိုက်တော့သည်။
....
‘ငါက သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်ဘူး’အစီအစဥ်၏ ပထမပိုင်းကို လှပသော တောင်ပိုင်းမြို့တစ်မြို့တွင် ရိုက်ကူးနေသည်။
ထိုနေ့တွင် ချောင်မော့ယွီနှင့်အတူ တရားဝင်ကြေညာထားသော ကျန်ဧည့်သည်များသည် မြို့၏တောင်ပိုင်းသို့ အရင်ရောက်လာကြသည်။ လျှို့ဝှက်ဧည့်သည်များကတော့ ရိုက်ကူးရေးအတွက် ညပိုင်းမှ ရောက်လာမည်ဟု ဆိုသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
