အခန်း(၁၄) စိတ်ဝင်စားဖွယ်ကောင်းတယ် (၂)

7.6K 633 3
                                        

ဘာသာပြန်သူ Yuuki

အခန်း(၁၄) စိတ်ဝင်စားဖွယ်ကောင်းတယ် (၂)

ညင်သာနူးညံ့နေသည့် လေပြည်က တိုက်ခတ်လျက်ရှိပြီး ချောင်မော့ယွီ၏ ဆံနွယ်များက ယဲ့ဖေးချန်း ပါးပြင်ကို မထိတထိ လာရောက်ထိခတ်နေသည်။ ယဲ့ဖေးချန်းသည် ယခင်ကထက် မျက်မှောင် ပိုကြုံ့သွားသည်ကို သတိပြုမိလိုက်တော့ ချောင်မော့ယွီက သူ့နဖူးပြင်ကို လက်ကလေးဖြင့် ညင်သာစွာ ပွတ်ပေးလိုက်သည်။

ထိုလူက ပြင်းထန်စွာ ဒဏ်ရာရနေသဖြင့် နိုးလာမည့်အရိပ်အယောင်မပေါ်ချေ။ မိန်းကလေး၏ နှလုံးသားက သနားဂရုဏာသက်မှုကြောင့် နူးညံ့ပျော့ပျောင်းလာပြီး အောက်ကို ငုံ့လိုက်ကာ ထိုလူကို ခိုးနမ်းလိုက်သည်။

ကင်မရာရှုထောင့်က ချောင်မော့ယွီ၏ သရုပ်ဆောင်ချက်ကို ပိုမိုအသားပေးကာ ရိုက်ကူးရပေသည်။ အကြောင်းအရင်းမူကား ယဲ့ဖေးချန်းက ပွဲဦးထွက်စကတည်းက အနမ်းခန်းများ ရိုက်ကူးရမည်ကို ငြင်းပယ်ခဲ့သောကြောင့်ပင်။

ထိုကြောင့် ဒါရိုက်တာဟာ ထိုအနမ်းခန်းကို ပိုမိုပီပြင်စေရန်အလို့ငှာ အနမ်းတုကို အသားပေး ရိုက်ကူးရပေသည်။ ထိုအနမ်းတု ပြီးပြည့်စုံစေရန်အတွက် သရုပ်ဆောင်မည့်သူမှာ ဆရာကျရန်လည်း လိုသေးသည်။

သူမ အတိတ်ဘဝတုန်းကတော့ ချောင်မော့ယွီက အက်ဖ်အေ အကြီးစားစစ်စစ်သာ ဖြစ်သည်။။ တစ်စုံတစ်ယောက်ကို နမ်းဖို့မဆိုထားနှင့်။ ဘယ်လိုနမ်းရမလဲဆိုသည်ကို သုညရာခိုင်နှုန်း အတွေ့အကြုံ လုံးဝပင် မရှိချေ။ ချောင်မော့ယွီက ယဲ့ဖေးချန်းကို နမ်းရန်ပြင်လိုက်သည်နှင့် ဒါရိုက်တာက ချက်ချင်းပဲ ထအော်တော့သည်။

"ရပ်လိုက်"

" မော့ယွီ မင်း အချစ်ရဆုံးယောက်ျားက မင်း ပေါင်ပေါ်မှာ လဲလျောင်းနေတာလေ တိတ်တိတ်လေး ခိုးနမ်းပါမယ်ဆိုမှမင်းက အခုပဲ သေရတော့မဲ့မျက်နှာပေးလို ဖြစ်နေရတာတုံး"

ချောင်မော့ယွီသည် ခေါင်းညိတ်ပြလိုက်ပြီး ဒါရိုက်တာအား

"ကောင်းပါပြီ နောက်တစ်ကြိမ် ထပ်ကြိုးစားကြည့်မယ်နော်"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя