ဘာသာပြန်သူ Yuuki
132
အပိုင်း (၁၃၂) ငါ့ကိုလဲခေါ်ပါ (၂)သူ့ပါးပေါ်မှ ခံစားချက်သည် ညင်သာပြီး အမှန်တကယ်ဖြစ်လေသည်။ နောက်ဆုံးတွင် လော့လော့သည် အိပ်မက်မဟုတ်ကြောင်း သိရှိသွားတော့သည်။
မာမားပြန်လာပြီ။
သူသည် အလျင်အမြန်လှိမ့်ကာ ခုတင်ပေါ်မှ ဆင်းလိုက်ပြီး ချောင်မော့ယွီထံ အရှိန်နှင့်ပြေးသွားကာ ပျော်ရွှင်စွာနှင့် သူ့လက်များကို ဆန့်လိုက်လေသည်။
“ မာမားပြန်လာပြီ!မာမား ဂွတ်မောနင်း”
ချောင်မော့ယွီသည် သူ့ကို ခါးမှနေ၍ ပွေ့ချီလိုက်လေသည်။ သူ့မျက်နှာနှစ်ဖက်လုံးကို နမ်းရှုံ့ပြီးနောက် သူမပြန်ဖြေလိုက်၏။
“ မာမား မနေ့ညက ပြန်လာတာလေ၊ မာမား ပေါင်ပေ့ကိုတောင် ဂွတ်နိုက်အနမ်းပေးခဲ့သေးတယ်”
လော့လော့သည် နောင်တရသွားသည့်ဟန်ဖြင့်
“ ပေါင်ပေ့ အိပ်ပျော်သွားလို့ မသိလိုက်ဘူး”
ချောင်မော့ယွီသည် သူ၏နောင်တရနေသည့်ခံစားချက်ကို မြင်သွားပြီးနောက် မြန်မြန် ပြောလိုက်၏။
“ ရပါတယ်၊ မာမား ခဏတော့ ခရီးသွားဖြစ်အုံးမှာမဟုတ်ဘူးလေ”
အစီအစဥ်၏ပထမပိုင်းကို ရိုက်ကူးပြီးစီးသွားပြီဖြစ်သည်။ နောက်အပိုင်းကို တစ်ပတ်အတွင်း ရိုက်ကူးလိမ့်မည်။ မြို့ထဲတွင် သို့မဟုတ် မြို့ပြင်တွင်သာ ရိုက်ကူးလောက်သည်။ ရိုက်ကူးရေးနေရာနှင့် နေ့ချင်း အသွားအပြန် လုပ်ရပေမည်။
“ကောင်းလိုက်တာ”
လော့လော့သည် အလွန်ပျော်ရွှင်သွားတော့သည်။ သူ့ပါးစပ်သေးသေးလေးသည် ချောင်မော့ယွီ၏ ပါးဆီ ရောက်သွားပြီး အနမ်းများပေးလိုက်တော့သည်။
“ ဒီနေ့ မာမားတို့ မနက်ပိုင်း ပန်းခြံမှာ ကစားလို့ရတယ်၊ ပြီးရင် နေ့လယ်ကျရင် မာမားက သားကို အလုပ်ခေါ်သွားမယ် ဟုတ်ပြီလား”
ချောင်မော့ယွီသည် ကောင်ငယ်လေးနှင့် ဆွေးနွေးလိုက်၏။
လော့လော့သည် ချက်ချင်း ခေါင်းညိတ်ပြလိုက်ကာ သူ့မျက်လုံးသည် လေးလေးနက်နက်ဖြင့်
CZYTASZ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romansချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...