အခန်း(၂၈) လော့လော့နဲ့တွေ့ဆုံခြင်း (၁)

7.7K 573 5
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း(၂၈) လော့လော့နဲ့တွေ့ဆုံခြင်း (၁)

ကလေးထိန်းယွီက လော့လော့ နံဘေးသို့ ရောက်သွားသည်နှင့်  မိန်းကလေးတစ်ယောက် ကြော်ငြာဘုတ်အရှေ့၌ ပုံလျက်သား လဲကျနေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်၌ ကလေးထိန်းယွီက ဖြစ်စဉ်အစအဆုံးကို သဘောပေါက်သွားပြီး သွေးပျက်မတတ် ဖြစ်သွားကာ လော့လော့ကို အလျင်အမြန် ကောက်ချီလိုက်သည်။

လဲကျနေသည့် ကောင်မလေးက သူမသူငယ်ချင်းကို အမှီပြုပြီး ထရပ်ဖို့လုပ်နေစဉ် ဒေါသတကြီးဖြင့်

"ဒီ ငှက်ပျောခွံကို ဘယ်သူ လာပစ်သွားတာလဲ"

ဒါပေမဲ့ သူမ မေးခွန်းကို မည်သူမှ မဖြေကြပေ။ ထို့ကြောင့် ထိုကောင်မလေးက ငွေရှင်းကောင်တာဆီမှ အရောင်းဝန်ထမ်း ဆီသို့ သွားပြီး

" ရှင် ပစ်လိုက်တာလား ဒီငှက်ပျောခွံကို၊ ဒီအနီးတစ်ဝိုက်မှာ ရှင်တို့ဆိုင်ပဲရှိတာကို ကျွန်မ ငှက်ပျောခွံကိုနင်းမိပြီး ချော်လဲတယ်၊ အဲတော့ ရှင်တို့ တာဝန်ယူသင့်တယ်လို့မထင်ဘူးလား၊ ရှင်တို့ဆိုင်ရဲ့မန်နေဂျာကဘယ်မှာလဲ"

ဆိုင်မှ အရောင်းဝန်ထမ်းက ထိုအရှုပ်ထုပ်၌ ဝင်မပါချင်သော်လည်း မျှားဦးက သူ့ဘက်ကို လှည့်လာလိမ့်မည်ဟု မထင်ထားခဲ့ပေ။ ထို့ကြောင့် သူမက အလျင်အမြန် ဖြေရှင်းချက်ပေးတော့သည်။

" ဟိုနားမှာ အသက် သုံးနှစ်လောက်ပဲရှိဦးမဲ့ ကလေးတစ်ယောက်ရှိတယ် ငှက်ပျောခွံကို သူ.. သူ ပစ်တာ"

ထိုအချိန်၌ လော့လော့က ချက်ချင်းပင် သူ့ပါးစပ်လေးကို လက်နှင့် အုပ်ထားလိုက်ပြီး စိတ်လှုပ်ရှားမှုကြောင့် ပါးများ ပူရဲလို့လာနေကာ မျက်လုံးမှာလည်း အံ့ဩမှုကြောင့် ဝိုင်းစက်လို့နေသည်။

လူထု၏ အာရုံမှာ ကြော်ငြာဘုတ်ဆီသို့ အလျင်အမြန်ရောက်သွားတော့သည်။ သူတို့က အနှေးနှင့် အမြန် ကလေးတစ်ယောက် ထို ကြော်ငြာဘုတ်အနောက်၌ ပုန်းနေသည်ကို ရှာတွေ့သွားပေသည်။

သူတို့အုပ်စုထဲမှ တစ်ယောက်က လော့လော့ပါးပေါ်မှ ငှက်ပျောသီး လက်ကျန်ကို မြင်လိုက်ကာ  လော့လော့ကို လက်ညှိုးထိုးပြီး

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းМесто, где живут истории. Откройте их для себя