ဘာသာပြန်သူ Yuuki
အပိုင်း (၈၃) ခြေရာခံခြင်း (၈)လော့လော့သည် သူ့ကို ‘ဦးဦး’ဟု ခေါ်လိုက်ပြီးနောက် ပိုးတုံးလေးသည် ချက်ချင်း ပင့်သက်ရှိုက်လိုက်၏။
မာမားကပြောထားတာ သူတို့က အခုအလုပ်လုပ်နေတာတဲ့။ ဒါကြောင့် ဘယ်သူ့ကိုမှ စကားကို ပုံမှန်အတိုင်း မပြောသင့်ဘူးတဲ့။
သူသည် စကားမှားသွားသည်ကို သိလိုက်သည်တွင် သူ့ပြည့်ဖောင်းဖောင်းလက်ကလေးနှင့် ပါးစပ်ကို အမြန်အုပ်လိုက်ပြီး ယဲ့ဖေးချန်းကို သတိနှင့် ကြည့်လိုက်သည်။
ချောင်မော့ယွီသည် သဖန်းပင်နောက်ကွယ်တွင် က,နေရာ ယဲ့ဖေးချန်းသည် သူမကို မမြင်သေးချေ။
သူသည် လုပေ့ကဲကို သွားနှုတ်ဆက်ရန် ရည်ရွယ်ခဲ့သော်လည်း ထိုလူမှာ သူ့ပတ်ဝန်းကျင်ရှိ အားလုံးကို လျစ်လျှူရှုပြီး သူ့ကိုယ်ပိုင်ကမ္ဘာထဲတွင် နှစ်မျောနေသည့် ပုံပေါ်၏။ ယဲ့ဖေးချန်းသည် သူ့သူငယ်ချင်းက သီချင်းရေးနေသည်ကို သိလိုက်သဖြင့် ထိုဈာန်ဝင်နေသည့်ခဏကို အနှောင့်အယှက်မဖြစ်စေရန် မသွားဘဲနေလိုက်လေသည်။
ယဲ့ဖေးချန်းသည် ထိုင်ချလိုက်ပြီး လော့လော့ကို မေးလိုက်သည်။
“ ကောင်လေး မင်းဘာလို့ ဒီလိုဝတ်စားထားတာလဲ၊ မင်း မိဘတွေရော”
လော့လော့သည် သူတို့ အလုပ်လုပ်နေစဥ် အမှားလုပ်မိမည် စိုးသဖြင့် ပြန်မဖြေချေ။ သူလေးသည် ထိုဦးဦးကို သတိမထားမိဘဲ စကားပြောလိုက်မည်စိုးသဖြင့် သူ့ပါးစပ်ကို အားရှိသမျှ ပိတ်ထားလေသည်။
သိုင်းပညာရှင်များသည် နားပါးပြီး အကြားအာရုံကောင်းလေ့ရှိသည်။ ထို့ကြောင့် ချောင်မော့ယွီသည် သဖန်းပင်နောက်က ထိုစကားကို ကြားလိုက်သောအခါ ထိုအသံသည် အဘယ်ကြောင်း အရမ်းရင်းနှီးနေသနည်းဟု မတွေးဘဲ မနေနိုင် ဖြစ်သွားတော့သည်။
မကြာလိုက်ပေ ထိုရင်းနှီးသောအသံက တဖန် စကားပြောလိုက်သည်ကို ကြားလိုက်ပြန်သည်။
“ပေါင်ပေ့ ပြီးခဲ့တဲ့အခေါက်တုန်းက စျေးဝယ်စင်တာမှာတုန်းက သားစကားပြောတာ ဦးဦး မှတ်မိတယ်လေ၊ ဒီတစ်ခါကျတော့ ဘာလို့ စကားမပြောတော့တာလဲ”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...