စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၈၁) အတူတူအိပ်စက်ခြင်း (၂)
“ ကိုယ့်မှာ အတွေ့အကြုံမရှိဘူးလေ၊ ဒါကြောင့် ကိုယ် ကြိုပြီးတော့ လေ့ကျင့်ထားချင်တယ်၊ မဟုတ်ရင် တကယ်သရုပ်ဆောင်ရတဲ့အခါ ကိုယ်ကောင်းကောင်း လုပ်နိုင်မှာ မဟုတ်လောက်ဘူး”
သူကောင်းကောင်း သရုပ်ဆောင်တတ်မှာမဟုတ်ဘူးတဲ့လေ။ သရဲတောင် ယုံမှာ မဟုတ်ဘူး။
ချောင်မော့ယွီသည် သူ့ကို စိတ်ထဲမှ ကျိန်ဆဲလိုက်လေသည်။ သူမသည် မနေနိုင်တော့ဘဲ မေးလိုက်၏။
“ တကယ်ပဲ အတွေ့အကြုံလုံးဝမရှိဘူးလား”
ယဲ့ဖေးချန်းသည် ထိုစကားကိုကြားလိုက်သည်နှင့် သူ့ခန္ဓာကိုယ်ပေါ်မှ ကြွက်သားများသည် တင်းမာလာတော့သည်။
“ ကိုယ့်ကို အတွေ့အကြုံရှိစေချင်သလား”
ထိုသို့ပြောလိုက်ရင်း သူမ၏လက်ကို လှမ်းဆွဲကာ သူ့ရင်ဘတ်ဆီသို့ ဆွဲကပ်လိုက်လေသည်။
သူ့ရင်ဘတ်သည် ချောမွတ်သန်မာလှပေ၏။ ချောင်မော့ယွီသည် စိတ်လှုပ်ရှားသွားပြီး သူမ၏အတွေးများတွင် စတင်မျောပါသွားတော့သည်။
“ ကြွက်သားတွေ တော်တော်တောင့်တာပဲ”
“ ကြိုက်လား”
ယဲ့ဖေးချန်းသည် အဓိပ္ပာယ်ပါပါနှင့် မေးလိုက်၏။
“ ရှင် ရှင် ရှင် _”
ချောင်မော့ယွီသည် ယဲ့ဖေးချန်းကို အလန့်တကြားကြည့်လိုက်လေသည်။
သူ ဘယ်လိုလူလဲဟယ်။
“မော့ယွီလေး ညီမ ကိုယ့်မေးခွန်းကို မဖြေရသေးဘူးနော်”
ထိုသို့ပြောလိုက်ရင်း သူသည် ချောင်မော့ယွီ၏ ခန္ဓာကိုယ်ကို ထွေးပွေ့ထားလိုက်လေသည်။ သူသည် သူမကို ကြည့်ကာ ပြောလိုက်၏။
“ ကိုယ် အဝတ်အစားပါးပါးလေးတွေ ဝတ်ထားလို့ ညီမ ကိုယ်ကြွက်သားတွေကို ခံစားမိနိုင်တာကို သဘောကျလား”
ချောင်မော့ယွီသည် စမ်းချောင်းလေးဆီသို့လာကာ ခြေလက်သန့်စင်ပြီးနောက် သူနှင့်အတူ ဤတဲအိမ်လေးဆီသို့ လာခဲ့သည်ကို နောင်တရမိသွားတော့သည်။
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
