စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၆၅) အချိုများများ (၂)
ပေးလိုက်သည့်နေ့လယ်စာထမင်းဘူးထဲတွင် ရုံးပတီသီးများ ပါနေ၏။ ချောင်မော့ယွီသည် အစားအသောက် ချေးများသူ မဟုတ်သော်လည်း သူမသည် ရုံးပတီသီးကို လုံးဝမကြိုက်ပေ။ သူမ၏မျက်ခုံးများကို ကျုံ့ထားလိုက်ပြီး
“ ဒီလို အရသာဆိုးဝါးတဲ့ အစားအစားကလဲ ရှိသေးပါလားနော်”
သူမ၏ဘေးမှ ယဲ့ဖေးချန်းက မေးလိုက်၏။
“ဘယ်လို”
“ရုံးပတီသီးလေ”
ချောင်မော့ယွီသည် လုံးဝမကြိုက်သည့်မျက်နှာထားဖြင့်
“ ဒီပိန်ပိန်ရှည်ရှည်နဲ့ ချွဲကျိကျိပုံစံကြီးက အရမ်းရွံစရာကောင်းတယ်လို့ မထင်ဘူးလားဟင်”
“ ညီမ မကြိုက်ရင် ကိုယ်စားပေးမယ်လေ”
သူသည် ထိုသို့ပြောလိုက်ရင်း ချောင်မော့ယွီ၏ နေ့လယ်စာထမင်းဘူးထဲမှ ရုံးပတီသီးများကို ရွေးထုတ်လိုက်လေသည်။
“ ဖေးချန်း မင်း ချောင်မော့ယွီကို ဘာတွေ စားကူနေတာလဲ”
ဒါရိုက်တာ၏အသံသည် သူတို့ဘေးမှ လူများ၏အာရုံကို ဆွဲဆောင်လိုက်တော့၏။ အနီးရှိ လူအားလုံးသည် သူတို့ရှိရာဖက်သို့ ကြည့်လိုက်ကြလေသည်။
“ သူမက ရုံးပတီသီး မကြိုက်ဘူးတဲ့လေ၊ ဒါကြောင့် သူမအတွက် စားပေးနေတာ”
ယဲ့ဖေးချန်းသည် သဘာဝကျကျ ရှင်းပြလိုက်၏။
“ ဆရာယဲ့ ကျွန်တော်လဲ ရုံးပတီသီး စားရတာကို မကြိုက်ဘူး...”
ဘေးမှ ရယ်စရာပြောရသည်ကို သဘောကျသည့် မင်းသားတစ်ယောက်က ပြောလိုက်၏။
ယဲ့ဖေးချန်းသည် သူ့ကို လျစ်လျူရှုထားလိုက်၏။ ချောင်မော့ယွီသည် မာပိုတိုဟူးစားရသည်ကို ကြိုက်နှစ်သက်ကို မြင်သွားပြီး သူ့ပန်းကန်ထဲမှ တိုဟူးတုံးလေးများကို သူမပန်းကန်ထဲ ထည့်ပေးလိုက်လေသည်။
“ကျေးဇူး”
ချောင်မော့ယွီသည် သူမ၏ခေါင်းကို လှည့်ကာ ယဲ့ဖေးချန်းကို ပြုံးပြလိုက်၏။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
