အပိုင်း (၄၅) ရင်ခုန်လှုပ်ရှားခြင်း (၃)

5K 466 4
                                    

ဘာသာပြန်သူ - Yuu Ki

အပိုင်း (၄၅) ရင်ခုန်လှုပ်ရှားခြင်း (၃)

သူမသည် ကလေးကို အင်္ကျီလဲပေးလိုက်ပြီး ခဏကစားရန် အောက်ထပ်သို့ ခေါ်လာလိုက်သည်။ ကလေးထိန်းယွီသည် အစားအသောက်များ ပြင်ဆင်ပြီး စောင့်နေလေသည်။

မနေ့ကလွှင့်ခဲ့သော ရှန်းရှီ အပိုင်းကို ပြန်ပြနေသောကြောင့် သူမတို့မိသားစုသည် ညနေစာ စားနေစဥ်အတွင်း တီဗွီကို ဖွင့်ထားလိုက်သည်။

ယဲ့ဖေးချန်းသည် ဖန်သားပြင်ပေါ်တွင် ပေါ်လာသည့်နှင့် လော့လော့လေးသည် ချောင်မော့ယွီဘေးသို့ အမြန်ပြေးလာကာ တီဗွီကို စိတ်လှုပ်ရှားသည့်ဟန်ဖြင့် လက်ညိုးထိုးပြကာ ပြောလိုက်သည်။

“မာမား အဲဒီ ဦးဦးလေ လော့လော့ကို ပြောခဲ့တာ ကြီးလာအောင်လုပ်ပြီး မာမားကို ကာကွယ်ပေးလိုက်တဲ့”

ချောင်မော့ယွီသည် မော့ကြည့်လိုက်ရာ ဖန်သားပြင်ပေါ်က သရုပ်ဆောင်ကို တွေ့လိုက်သည်နှင့် တစ်ခုခု မှားယွင်းနေသလို ခံစားလိုက်ရသည်။

အဲဒီတော့ လော့လော့လေးပြောတဲ့ ရုပ်ချောချော ဦးဦးဆိုတာ ယဲ့ဖေးချန်းပေါ့လေ။ တကယ်ပဲ တိုက်ဆိုင်တာများလား။

ယနေ့ အပိုင်းတွင် ချောင်မော့ယွီသည် နှစ်ကြိမ်သာပါခဲ့သည်။ သူမ၏ဖန်သားပြင်ပေါ် ကြာချိန်မှာ အလွန်တိုလှသော်လည်း သူမ ပေါ်လာတိုင်း လော့လော့လေးသည် စိတ်လှုပ်ရှားစွာ လက်ခုပ်တီးနေတော့သည်။

ထိုအချိန်တွင် ချောင်မော့ယွီသည် လိုင်းပေါ်တွင် သူမ ဖတ်ခဲ့ရသော ဝေဖန်ချက်များကို ပြန်အမှတ်ရသွားသည်။ သိချင်စိတ် အနည်းငယ်ဖြစ်သွားကာ သူမသည် လော့လော့လေးကို မေးလိုက်တော့သည်။

“ပေါင်ပေ့ရေ ဘယ်သူ အချောဆုံးလဲဟင် မာမားလား၊ သားရဲ့ဦးဦးလား ဒါမှမဟုတ် အနီရောင်စကပ်လေးဝတ်ထားတဲ့ အန်တီလား”

လော့လော့လေးသည် စဥ်းစားမနေပဲ ပြန်ဖြေလိုက်သည်။

“မာမားပေါ့”

“တကယ်လား”

ချောင်မော့ယွီ ထပ်မေးလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora