အပိုင်း (၈၅) သရုပ်မှန်ပေါ်သွားခြင်း (၂)

5K 494 10
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၈၅) သရုပ်မှန်ပေါ်သွားခြင်း (၂)

ချောင်မော့ယွီ : “...” စဥ်းစားကြည့်လိုက်တော့လဲ အခုလောလောဆယ် ဒီလိုပဲ လုပ်ဖို့ရှိတော့တာပဲ။

သူမသည် ဆိုဖာပေါ်ထိုင်ပြီး တစ်ခု ပြီး တစ်ခု စားနေသော လော့လော့လေးအတွက် စပျစ်သီးများကို အခွံ့ခွာပေးနေသည်။ သူ့နှုတ်ခမ်းလေးများ ပြောင်ပြောင်းလက်လက်နှင့် မေးလာလသသည်။

“ ဆရာကြီးက လော့လော့ကို မုန့်ကျွေးနေတာနော်၊ ဆရာကြီးက သူစိမ်းမဟုတ်ဘူးဆိုတော့ သား မုန့်စားလို့ရတယ်”

“ အင်း၊ လော့လော့က ဉာဏ်ကောင်းလိုက်တာ”

ချောင်မော့ယွီသည် ကိုယ်ကိုညွှတ်ကာ သူလေးကို နမ်းလိုက်လေသည်။

အပြင်ဘက်တွင် သတင်းထောက်များသည် လုပေ့ကဲကို အင်တာဗျူးနေကြသည်။ ထိုအချိန်တွင် လုပေ့ကဲနှင့် ပတ်သက်ပြီး အသိသာဆုံးရိုက်ကူးရေးမှာ ယဲ့ဖေးချန်းပါဝင်နေခြင်း ဖြစ်သည်ကို ဘာမှမသိသည့်သူပင် သိမြင်နိုင်ပေသည်။ သူတို့သည် လုပေ့ကဲအတွက် ယဲ့ဖေးချန်းနှင့် ပတ်သက်သည့်သတင်းအချို့ကို ထုတ်ပြောပေးကြလေသည်။

အင်တာဗျူးပြီးချိန်တွင် လော့လော့သည် စပျစ်သီးများနှင့် ကွာစေ့များကို စားပြီးဖြစ်သည်။ ပိုးတုံးလုံးလေးသည် တံခါးအပြင်ဘက်မှ လာသည့်အသံကို ကြားလိုက်ပြီး ချောင်မော့ယွီ ပေါင်ပေါ်မှ ချက်ချင်း ခုန်ဆင်းလိုက်ကာ သူ့ကျောလေးကို မတ်မတ်ထားရင်း တည်ငြိမ်သည့်ပုံစံ ဖြစ်အောင် လုပ်ထားလိုက်လေသည်။

လုပေ့ကဲသည် ဝင်လာကာ ပြုံးပြလိုက်၏။

“ အပြင်ကအင်တာဗျူးက အခုပဲပြီးသွားပါပြီ၊ ကျွန်တော် နေ့လယ်စာ ပြင်ဆင်ထားတယ် ၊ အတူတူ စားကြရအောင်ပါ ခင်ဗျာ”

ချောင်မော့ယွီသည် ယဲ့ဖေးချန်းရှိနေသည်ကို သတိထားမိနေရကား မည်သို့ သွားချင်ပါမည်နည်း။ သူမသည် ချက်ချင်း လက်ခါပြကာ ပြောလိုက်သည်။

“ ဘုရားကျောင်းမှာ ဟိုကိစ္စ ဒီကိစ္စလေးတွေရှိသေးလို့ပါ ၊ ဆရာလု ကို မနှောင့်ယှက်တော့ပါဘူး”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းTahanan ng mga kuwento. Tumuklas ngayon