အခန်း(၃၁) အဓိကအမျိုးသမီးဇာတ်လိုက် (၁)

5.4K 511 2
                                    

ဘာသာပြန်သူ - Yuu Ki

အခန်း(၃၁) အဓိကအမျိုးသမီးဇာတ်လိုက် (၁)

ဖေကြီးယဲ့က  မစ္စတာဟွမ် ညွှန်ပြရာနေရာသို့ စိတ်လှုပ်ရှားစွာ စိုက်ကြည့်လိုက်သော်လည်း မနေနိုင်တော့သဖြင့် ချောင်မော့ယွီကို ဒုတိယအကြိမ် ထပ်ကြည့်လိုက်မိသည်။ သို့သော် ချောင်မော့ယွီနှင့် ပတ်သက်၌ ထူးခြားသည့်အရာမျိုးရှာမတွေ့သောကြောင့်

" ကျွန်တော် ထင်တာ ဒီလိုသန့်စင်တဲ့ အရှိန်အဝါမျိုးရှိတဲ့သူဆိုတော့ အသက်ခပ်ကြီးကြီးလို့ ထင်ထားတာ ဒါပေမဲ့ ငယ်ငယ်လေး ဖြစ်မယ်လို့ ထင်တောင်မထင်ထားမိဘူး ဘယ်လိုပဲဖြစ်ဖြစ် သူမက တော်တော်လှတာပဲနော်"

"သူမရဲ့သန့်စင်တဲ့အရှိန်အဝါက မြင်ဖူးသမျှထဲ တကယ့် အသန့်စင်ဆုံးပဲ"

မစ္စတာဟွမ်က ဆက်လက်ပြီး

"ဒီလိုအရှိန်အဝါတွေက သဘာဝနဲ့ဆိုင်ပြီး အသက်အရွယ်နဲ့ မဆိုင်ဘူးလေ"

ဖေကြီးယဲ့က ယဲ့ဖေးချန်းနှင့် ချောင်မော့ယွီတို့ ဒါရိုက်တာကြီးဆီသို့ ချဉ်းကပ်သွားကြသည်ကို ကြည့်လိုက်သည်။ အရင်တစ်ခေါက်က မစ္စတာဟွမ်နှင့် တွေ့စဉ် မစ္စတာဟွမ်တစ်ယောက် အချိန် သိပ်မရသောကြောင့် သူ့သား​၏ အထီးကျန်ဆန်သည့် ကံကြမ္မာနှင့်ပတ်သက်ပြီး သိပ်မဆွေးနွေးခဲ့ရပေ။ ယခုတွင်မူ နှစ်ယောက်စလုံး အချိန်ရကြသောကြောင့် ဖေကြီးယဲ့က

" မစ္စတာဟွမ် ကျုပ်သားလေးရဲ့ကူရှကံကြမ္မာက ဘယ်ကနေ ဖြစ်လာတာလဲဗျ"

"ဖြစ်နိုင်တာက ခင်ဗျားသားက ဒီကံကြမ္မာနဲ့မွေးလာတာဖို့ အနာဂတ်မှာ သူ့ကို ဒုက္ခဖြစ်စေမဲ့တစ်ယောက်ယောက်နဲ့ တွေ့ဖို့ ကံကြမ္မာကိုက ဖန်တီးပေးလိုက်တာနေမှာ၊ နောက်တစ်ချက်က ခင်ဗျားသားရဲ့ပင်ကိုယ်စရိုက်ကြောင့်ဖြစ်မယ်"

ဖေကြီးယဲ့က စိုးရိမ်တကြီးဖြင့်

" ဖေးချန်ဆီမှာ ဒီလိုသန့်စင်တဲ့အရှိန်အဝါ ရနေတာတောင်မှ အနာဂတ်မှာ သူ့ကို အထီးကျန်မှုတွေနဲ့ပဲ ရှင်သန်သွားစေမဲ့ တစ်စုံတစ်ယောက်နဲ့ တွေ့ကိုတွေ့ရဦးမှာပေါ့ အဲလိုလား"

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now