ဘာသာပြန်သူ - YuuKi
အပိုင်း (၆၂) နားလည်ရခက်တဲ့ အကျွမ်းဝင်မှု (၂)
သူမသည် ဒါရိုက်တာထံမှာ ‘ ကတ် ၊ အရမ်းကောင်းတယ်’ ဟု ကြားရသည်အထိ သူမခေါင်းထဲတွင် အချိန်ကို မှတ်နေလိုက်၏။
သူမသည် ချက်ချင်းဆိုသလို စိတ်ကို လွှတ်ချလိုက်ပြီး လုံဝ စိတ်အေးလက်အေးဖြစ်သွားတော့သည်။
သို့သော် ယဲ့ဖေးချန်းမှာ တခဏကြာသည်အထိ ခံစားမှုကင်းမဲ့လျက် ကျန်နေလေသည်။
သူသည် ချောင်မော့ယွီကို ကိုင်ထားရင်း အတွေးလွန်နေသည့်ပုံ ပေါ်နေလေသည်။
‘ အရာအားလုံးက ဘာလို့ရင်းနှီးနေတာလဲ’
သူမ၏ရုန်းကန် ခုခံမှု၊ သူမခန္ဓာကိုယ်၏ချိုမြမှု နှင့် နူးညံ့မှု။ မှတ်ဉာဏ်တစ်ခုသည် အိပ်မက်တစ်ခုအလား သူ့စိတ်ထဲတွင် ဆိုင်းမဆင့်ဗုံမဆင့် ပြန်ပေါ်လာခဲ့သည်။
လွန်ခဲ့သောသုံးနှစ်က ယဲ့ဖေးချန်းသည် ဟိုတယ်တစ်ခု၏ မြေညီထပ်တွင် လူတစ်စုနှင့် သောက်စားနေစဥ် သူတို့၏စကားတစ်ဝက် ရောက်သောအခါ သူသည် တစ်ခုခု မူမမှန်သည်ကို ရုတ်တရက် ခံစားလိုက်ရသည်။
ထို့ကြောင့် သူသည် အပေါ်ဆုံးအထပ်တွင် အခန်းယူလိုက်ပြီး အိပ်ရန် လှဲချလိုက်၏။
သို့ရာတွင် သူအိပ်ပျော်ဖို့ ကြိုးစားလေလေ ပူလောင်လာလေလေ ခံစားနေရ၏။ အဖြစ်အပျက်ကို သူသဘောပေါက်သွားချိန်တွင် အလွန်နောက်ကျသွားလေသည်။ သူသည် သူ့ဟာသူ ရေအေးဖြင့်ဆေးချရင် အိပ်ရာပေါ်မှ ရုန်းထလိုက်သည်နှင့်တပြိုင်နက် အခန်းထဲတွင် နောက်ထပ်မိန်းကလေးတစ်ယောက် ရှိနေခဲ့လေသည်။
ထိုအချိန်က အတွေ့အကြုံနှင့် သည်နေ့၏ဇာတ်လမ်းမှာ အလွန်ဆင်တူနေသည်။
ထို့နောက်တွင် သူသည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်သွားတော့သည်။ နောက်တစ်နေ့ သူနိုးလာချိန်တွင် မနေ့ကအဖြစ်အပျက်က အိပ်မက်လား တကယ်ဖြစ်သွားတာလား ဆိုသည်ကို သူမပြောနိုင်တော့ချေ။
သူမှတ်မိသမျှမှာ သူတို့ အချင်းချင်း ငြိတွယ်နေစဥ်က မိန်းကလေး၏လက်ကောက်ဝတ်တွင် လက်ကောက်တစ်ခု ကို ခံစားမိလိုက်သည်။

STAI LEGGENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Storie d'amoreချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...