စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
111
အပိုင်း (၁၁၁) ငါ့ကို နာမည်နဲ့ခေါ် (၃)သူတို့သည် တည်းခိုရိပ်သာသို့ ပြန်သည့်လမ်းပေါ်တွင် ယှဥ်လျက်လျှောက်လာကြသည်။ သူတို့သည် လယ်ကွင်းတစ်ခုကိုဖြတ်လာသည့်အခါ လမ်းမှာမညီမညာသဖြင့် ချောင်မော့ယွီသည် ချော်လဲတော့သည်။ သူတို့လက်မောင်းများသည် ပါးလျသည့်အင်္ကျီမှတဆင့် မတော်တဆ အချင်းချင်း ထိမိသွားတော့သည်။ သူတို့လက်မောင်းများ ထိမိသွားသောအခါ ထိုအထိအတွေ့သေးသေးလေးမှနေ၍ လျှပ်စစ်ဓာတ် ဖြတ်သွားသည်ကို နှစ်ယောက်စလုံးခံစားလိုက်ရလေသည်။
ချောင်မော့ယွီသည် ထိုအထိအတွေ့ကို အနည်းငယ် ထူးဆန်းသွားသဖြင့် ဘေးသို့ အနည်းငယ် ရွှေ့လိုက်လေသည်။
သို့သော် လမ်းသည် အလွန်းကျဥ်းသဖြင့် သူမသည် လဲကျမလိုဖြစ်သွားတော့သည်။
သူမ၏ဘေးမှ ယဲ့ဖေးချန်းသည် သူ့လက်ကို အမြန်ဆန့်ထုတ်ကာ သူမကို သူ့ဘက်သို့ လှမ်းဆွဲလိုက်လေသည်။ သူမ၏ပျော့ပြောင်းသော ခန္ဓာကိုယ်သည် သူ၏မာကျောသည့်ရင်ဘတ်ကို သွားထိမိတော့သည်။
သူမသည် ခေါင်းမော့လိုက်ကာ
“ကိုကြီး...ယဲ့”
သူမ၏လေသံသည် အလွန်ညင်သာပြီး ညအချိန် ကျန်းနန်တွင် မိုးရွာနေသည့်ပမာ။
ယဲ့ဖေးချန်း၏ လည်မျိုသည် မသိမသာလှုပ်ရှားသွားလေသည်။
“မော့ယွီ တကယ်လို့ မင်းမှာ အခက်အခဲရှိရင် ငါ့ဆီ လာရှာလို့ရပါတယ်၊ ရှင်းရီချန်ကို သွားမဆွပါနဲ့”
ချောင်မော့ယွီသည် နောက်ဆိုလျှင် ရှင်းရီချန်ကို သတိပေးစရာအကြောင်း မရှိတော့ဟု ယုံကြည်ထားသည်။ ရှင်းရီချန်သည် အမှန်တရားကို ရှာတွေ့ရန်မှာ အချိန်သာလိုအပ်သည်ဟု သူမ ယုံထားသည်။ သို့နှင့် သူမသည် ခေါင်းညိတ်ကာ ပြန်ဖြေလိုက်လေသည်။
သို့သော်ငြား သူမသည် မမေးဘဲ မနေနိုင်တော့ချေ။
“ ဘာလို့ ကျွန်မကို ကူညီချင်တာလဲဟင်”
ယဲ့ဖေးချန်းသည် မြွေကိုက်ခံထားရသည့်ဒဏ်ကို ပြလိုက်လေသည်။ သူ့မျက်လုံးများသည် သူမကို သေချာကြည့်နေပြီး ပြန်ဖြေလိုက်လေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...