အပိုင်း (၁၃၀) အဖြစ်မှန် (၃)

4.6K 450 1
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
130
အပိုင်း (၁၃၀) အဖြစ်မှန် (၃)

ယဲ့ဖေးချန်းသည် မတ်တတ်ရပ်လိုက်၏။

သူသည် သူမကို ယုံသည် မယုံသည်ကို ချောင်မော့ယွီ မသိပေ။ သူမ၏ အတွေးများကို ထုတ်ပြလိုက်ခြင်းသာ ဖြစ်လေသည်။ အယူဝါဒ ယုံကြည်မှုများရှိသည်ကလည်း မှားယွင်းခြင်း မဟုတ်ပေ။

သူမသည် လေဆိပ်မှထွက်လာချိန်တွင် ညသည် မှောင်နေပြီဖြစ်သည်။

သူမသည် တက်စီတစ်စီးပေါ်တက်လိုက်ပြီး အမြန်လမ်းသို့ထွက်ခါနီးတွင် ဒါရိုက်တာဝမ်သည် ဖုန်းခေါ်လာ၏။

“ဆရာကြီး အလုပ်များနေမယ်ဆိုတာ သိလို့ ဒီရက်ပိုင်း ကျွန်တော် ဘုရားကိုသွားခဲ့တယ်၊ တောင်ပေါ်မှာ ဆရာ့ကို ဖိတ်ထားတဲ့ စာအိတ်အချို့ကို တွေ့ခဲ့တယ်၊ တချို့ကို ကျွန်တော်ဖတ်ပြမယ်....”

ဒါရိုက်တာဝမ်၏ နောက်ဆုံးတစ်စောင်ဖတ်ပြီးသည်အထိ နားထောင်းလိုက်ပြီးနောက် ချောင်မော့ယွီ၏စိတ်ထဲတွင် စိတ်ကူးတစ်ခု ပေါ်ပေါက်လာခဲ့သည်။ သူမနှင့်အတူ လော့လော့ကို ခေါ်သွားရန်လိုအပ်လေသည်။

သူမသည် အိမ်သို့ ပြန်ရောက်ချိန်တွင် လော့လော့သည် အိပ်ပျော်နေပြီဖြစ်သည်။

ချောင်မော့ယွီသည် လော့လော၏အိပ်ရာဘေးသို့ တိတ်ဆိတ်စွာလျှောက်သွားပြီးနောက် အိပ်မောကျနေသည့် ခန္ဓာကိုယ်သေးသေးလေးကို မြင်လိုက်ရသည်တွင် သူမ၏နှလုံးသားသည် ချက်ချင်း အေးချမ်းသွားတော့သည်။

သူမသည် လော့လော့ကို အတော်ကြာကြာကြည့်ပြီးနောက် ညင်သာစွာထွက်လာပြီး မအိပ်ခင် ရေချိုးလိုက်၏။

ထိုတစ်ချိန်ထဲတွင် အပန်းဖြေအိမ်ရာတစ်ခုတွင် ရှင်းရီချန်သည် သူ့လက်ထောက်ပို့လာသည့် အီးမေလ်းနှစ်စောင်ကို လက်ခံရရှိပြီးနောက် ရှောခ့်ရသွားတော့သည်။

ပထမတစ်ခုမှာ ချောင်မော့ယွီ ၁၃နှစ်အရွယ်က အကြောင်းအရာဖြစ်သည်။ အီးမေလ်းထဲတွင် ဓာတ်ပုံတစ်ပုံ ပါသော်လည်း ချောင်မော့ယွီကို အဓိကရိုက်ထားခြင်းမဟုတ်ပေ။ သူမကို ဓာတ်ပုံထဲတွင် မတော်ဆရိုက်မိထားခြင်းဖြစ်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now