စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuukiအပိုင်း (၁၇၅) ခေါင်းဆောင်နေရာကို လိုချင်တယ် (၃)
ရှင်းဝမ်ရွှမ်းသည် ချောင်မော့ယွီကို တစ်ချက် ကြည့်လိုက်သော်လည်း သူမကို မနှုတ်ဆက်ပေ။ ချောင်မော့ယွီသည် အတိတ်က ရှင်းရီချန်ကို ကယ်ပေးခဲ့သည်ကို ကျေးဇူးတင်ရပါသော်လည်း သူတို့၏ ဆက်ဆံရေးသည် ပြီးခဲ့သည့် နှစ်အနည်းငယ်အတွင်း ပို၍ဆိုးရွားလာခဲ့လေသည်။ တစ်စုံတစ်ခုသည် အပိုင်းပိုင်းကျိုးပဲ့ ပျက်စီးသွားသည်နှင့် ပြန်ပြင်ရန် မလွယ်ကူတော့ချေ။
ရှင်းဝမ်ရွှမ်းသည်လည်း သူမ၏မာနတရားတို့က ရှိနေသည်ဖြစ်ရာ ချောင်မော့ယွီကို စိတ်သဘောထားပြည့်ဝစွာဖြင့် အရင်ဦးအဆုံး မခေါ်လိုပေ။ သို့သော် သူမအား တိုက်ရိုက်အားဖြင့် ကူညီနိုင်ပေသည်။ သူမသည် မူလက ချောင်ရို့ဟွမ်ပိုင်ဆိုင်ထားသည့်အမျိုးသမီးဇာတ်ဆောင်နေရာကို ချောင်မော့ယွီရရှိနိုင်ရင် ကူညီနိုင်ပြီး ချောင်ရို့ဟွမ်၏ နောက်ဆုံးမျှော်လင့်ချက်ကို နင်းခြေပစ်နိုင်ပေသည်။
အားလုံးသည် အပြန်အလှန်နှုတ်ဆက်နေစဥ် ဝန်ထမ်းတစ်ယောက်သည် တရုတ်ရိုးရာအဝတ်အစားကို ဝတ်ဆင်ထားသည့် ယောက်ျားတစ်ယောက်နှင့်အတူ အဖွဲ့ဆီသို့ လျှောက်လာ၏။
ကျယ်ဝန်းလှသည့် လေဆိပ်ဧည့်ခန်းသည် အရှိန်အဟုန်ဖြင့် သွားလာနေကြသည့် ခရီးသွားများနှင့် ပြည့်နက်နေသော်လည်း ထိုအသက်၅၀အရွယ် ယောကျ်ားကတော့ဖြင့် အေးဆေးသက်သာစွာ လမ်းလျှောက်နေလာ၏။ သူသည် မြို့၏လှုပ်ရှားသွားလာမှုအားလုံးကို ရေနှင့် ဆေးချလိုက်သကဲ့သို့ စိမ်းပြာရောင်ကျောက်သားလမ်းပေါ်တွင် လမ်းလျှောက်နေသယောင်ယောင်။
သူ၏ တရုတ်ရိုးရာဝတ်စားဆင်ယင်မှုနှင့် လျှို့ဝှက်ဆန်းကြယ်လှသည့် ဟန်အမူအရာတို့က လူအားလုံး၏ အကြည့်ကို ရုတ်တရက် ဆွဲဆောင်လိုက်လေတော့သည်။
အားလုံးသည် သူ၏သရုပ်သကန်ကို ခန့်မှန်းနေကြစဥ် ဝန်ထမ်းသည် အဖွဲ့ဆီရောက်လာကာ ထိုလူနှင့် မိတ်ဆက်ပေးလိုက်၏။
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...