ဘာသာပြန်သူ Yuuki
104
အပိုင်း (၁၀၄) ငါ့ကို ယုံထားလိုက် (၂)
ထိုအချိန်တွင် အစီအစဥ်တင်ဆက်သူ တစ်ယောက်သည် တူဖြင့် နီရဲနေအောင် ကင်ထားသော ငါးတစ်ပိုင်း ယူလိုက်သည်။ သူမ၏မျက်လုံးများသည် တောက်ပလာပြီး မှတ်ချက်ပေးလိုက်လေသည်။
“ မော့ယွီ နင်က တကယ့်ပါရမီပြည့်တဲ့ ဇနီးတစ်ယောက် လိုပါပဲလား၊ အရသာရှိလိုက်တာ၊ မော့ယွီ နင့်မှာ ချစ်သူရှိလား၊ မရှိဘူးဆိုရင် မိန်းကလေးချစ်သူရောရှိလား၊ ငါ့ကို ဘယ်လိုမြင်လဲ”
သူတို့ဘေးတွင် ချင်းချန်ချန်က စ,နောက်နေပြန်သည်။
“ ငါလဲ သူမကို လက်ထပ်ချင်နေတာ ၊ ငါတို့ PK ကြမလား”
ကင်မရာမန်း : “ ငါ လဲပါမယ်”
“ ရှင်ကလဲ သူမကို လက်ထပ်ချင်လို့လား”
အစီအစဥ်တင်ဆက်သူက စနောက်လိုက်သည်။
“ ရှင့် အမေကြီးက သဘောတူမှာ မဟုတ်ပါဘူး ဟုတ်တယ်မလား”
“ မော့ယွီ ငါ မင်းအမေဆီလာလည်လို့ရမလား”
ကင်မရာမန်းသည် အားတက်သရောမေးလိုက်လေသည်။
ချောင်မော့ယွီသည် ရယ်မောကာ ငါးတစ်ပိုင်းကို ယူလိုက်ပြီးနောက် ဟင်းပွဲနှင့်ဝေးနေသော ယဲ့ဖေးချန်းထံ လှမ်းပေးလိုက်လေသည်။
“ကျေးဇူး”
သူသည် အသာအယာပြုံးကာ လက်ခံလိုက်လေသည်။
ဤနေရာ၏ အသက်ဝင်မှုနှင့်ယှဥ်လျှင် အခြားအဖွဲ့ နှစ်ခုမှာ ပြောစရာစကားများ မရှိကြချေ။
ရှင်းဝမ်ရွှမ်း၏ငါးဟင်းပွဲသည်လည်း စတူးဟင်းရည်ဖြစ်သည်။ ဟင်းရည်အရသာကို အနည်းငယ် ပိုကောင်းစေရန် သူတို့သည် လက်ဝါးအရွယ်ငါးလေးကို ကြေသွားသည်အထိ ဆူပွက်အောင် တည်လိုက်ကြသည်။
သို့ရာတွင် ငါးဟင်းရည်သည် ဖြူဆွတ်နေဆဲပင်။ ဆီစက်အနည်းငယ်သာ မျက်နှာပြင်ပေါ်တွင် မျောနေပြီး ဘေးမှကြည့်နေသူများကို ထူးဆန်းသည့်ခံစားချက်သာ ကျန်နေစေလေသည်။
တခြားဖက်တွင် ချောင်ရို့ဟွမ်နှင့် ကျန်နှစ်ယောက်တို့သည် ထိုင်ကာ လေသံတိုးတိုးနှင့် စကားပြောနေကြလေသည်။ သူတို့သည် သက်သောင့်သက်သာဖြစ်နေဟန် ကြိုးစားနေကြသော်လည်း ဟာနေသည့်ဝမ်းနှင့် ဆာလောင်မှုတို့က ချောင်မော့ယွီ ရှိရာဖက်ကို မကြာခဏဆိုသလို အကြည့်ရောက်သွားစေလေသည်။
VOCÊ ESTÁ LENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
