အပိုင်း ( ၁၆၇) ဖျက်ဆီးခံရခြင်း (၁)

3.8K 330 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၆၇) ဖျက်ဆီးခံရခြင်း (၁)

“ငါတော့ အသဲကွဲပါပြီဟယ်၊ မယုံဘူး၊ မယုံဘူး၊ ငါ့နတ်ဘုရားလေးရဲ့ဖုန်း ခိုးခံလိုက်ရတာပဲဖြစ်ရမယ်”

“ မဟုတ်သေးပါဘူး၊ နတ်ဘုရားက သူ့လိုက်ခ်ကိုပြန်ဖျက်လိုက်တယ်လေ၊ ဒါက သူ မမမော့ယွီနဲ့ တွဲနေတာ မဟုတ်ဘူးလို့ ပြောတယ်ထင်တာပဲ၊ သူ မော့ယွီကို ပျိုးထောင်ပေးရမဲ့ ညီမလေးတစ်ယောက်လို့ သဘောထားတာနဲ့ ပိုတူတယ်”

“ အပေါ်ကတစ်ယောက်ရေ နင် ဒီလိုပြောလိုက်တော့လဲ ငါလဲ ဒါကို လက်ခံသွားပြီ၊ အခြေအနေက အစားကြေးများတဲ့သမီးတစ်ယောက်နဲ့ သူမရဲ့အဖေက သူမကို ဂရုစိုက်ပြီးသင်ပေးနေတာနဲ့ အရမ်းတူတယ်လို့ ခံစားရတယ်”

“ ငါလဲ အဲလိုပဲ ခံစားရတယ်၊ ရုတ်တရက်ကြီး သူတို့ရဲ့ ခံစားချက်တွေက အညှောင့်ထွက်လာတာလေ၊ ငါတို့က ဒါကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးပစ်ရက်မှာလဲ”

“ငါတော့ ဒါကိုလက်မခံဘူး၊ တကယ်လို့သာ ငါ့လောင်ကုန်းက အတွဲရှိတယ် ဒါပေမဲ့ ဒါက သမီးတစ်ယောက်အနေနဲ့ဆိုရင်တော့ ငါက လက်ခုပ်တီးပြီး အားပေးလိုက်မှာပဲ”

“ အရမ်းကိုနွေးထွေးတာနော်၊ အဟား သမီးတစ်ယောက်လို သဘောထားတာဖြစ်ဖြစ် အတွဲတစ်တွဲလို သဘောထားတာဖြစ်ဖြစ် ငါတော့ နှစ်ခုလုံးကို အရမ်းသဘောကျနေပါပြီ”

“ ငါကတော့ ချန်းယွီအတွဲကိုပဲ ထောက်ခံပါတယ်နော်၊ နတ်ဘုရားရဲ့ နွေးထွေးတတ်တဲ့အခြမ်းလေးကို မြင်ချင်နေပါပြီ”

“ ငါလည်း မြင်ချင်တယ်နော်၊ ငါတို့ရဲ့နတ်ဘုရားက မော့ယွီကို သူ့ပေါင်ပေါ်တင်ပြီး အစားကျွေးနေတဲ့ပုံကိုတောင် စိတ်ကူးကြည့်ပြီးပြီ ဟား ဟား ဟား....”

“ ကိုကြီးယဲ့ ငါတို့ရဲ့ဆန္ဒတွေကို ကျေးဇူးပြုပြီး ဖြည့်ဆည်းပေးပါနော်”

“အပေါ်ကတစ်ယောက်ရေ ကိုကြီးယဲ့ဆိုတာ မော့ယွီက ခေါ်သင့်တာပါနော်”

“မော့ယွီရေ နင်က သမီးတစ်ယောက်သာဆိုရင်တော့ နင် သူ့ကို ဖေဖေယဲ့ လို့ခေါ်သင့်တာပေါ့”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းNơi câu chuyện tồn tại. Hãy khám phá bây giờ