စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki122
အပိုင်း (၁၂၂) သူ့ကို ထပ်မငြင်းမိတော့ဘူး (၂)
ထိုတစ်ချိန်လုံးတွင် သူမသည် သူ့ဘေးတွင်ရှိနေသည်ကို အမှန်တကယ်ပင် မေ့သွားတော့သည်။
ရှင်းရီချန်သည် ချောင်ရို့ဟွမ်ကို မြင်လိုက်ချိန်တွင် သူသည် ယနေ့အတွက် သူမကို လုံးဝဂရုမစိုက်ခဲ့မိသည်ကို သိမြင်လာတော့သည်။
သူသည် ယဲ့ဖေးချန်း၏ပခုံးပေါ်တွင် ငြိမ်းချမ်းစွာအိပ်နေသည့် ချောင်မော့ယွီရှိရာသို့ လှည့်ကြည့်လိုက်ပြန်သည်။ ထိုမြင်ကွင်းသည် သူ၏စိတ်တို့ကို မထိန်းနိုင်လောက်အောင် လှုပ်ရှားလာစေပြီး သူ့ရှေ့က မြက်ခင်းပေါ်ရှိ အမှိုက်ကို ကန်လိုက်လေတော့သည်။ ရှင်းရီချန်သည် သူ့မျက်လုံးထဲတွင် မီးရောင်တစ်ခုကို မြင်လိုက်ပြီးနောက် ရှေ့သို့လျင်မြန်စွာ လျှောက်သွားလိုက်တော့သည်။
သူသည် ခေါင်းကို အမှတ်တမဲ့လှည့်လိုက်ပြီးနောက်တွင် ချောင်ရို့ဟွမ်ဝတ်ထားသည့် လက်ပတ်နာရီကို သတိထားမိသွား၏။ ခုနက သူ့ရှေ့တွင် လင်းသွားသည့် အလင်းရောင်သည် ထိုလက်ပတ်နာရီသည် လရောင်ကြောင့် အလင်းပြန်သွားခြင်းဖြစ်ပေသည်။
လက်ပတ်နာရီကို မြင်လိုက်ရပြီးနောက် သူသည် နာရီအောက်က အမာရွတ်ကို သတိရသွားတော့သည်။ သူ့နှလုံးသားထဲကဒေါသမီးကို ချောင်ရို့ဟွမ်အပေါ်တွင် ထားရှိသည့် သူ့ကျေးဇူးတရားတို့က တဖြည်းဖြည်း လွှမ်းမိုးသွားတော့သည်။
မနေ့ညက သူမ နားဝင်ဆိုးတဲ့ စကားတစ်ခွန်း နှစ်ခွန်းပဲပြောခဲ့တာပါ၊ ဒါက ပြဿနာကြီးလဲမဟုတ်ဘူး၊ အရင်ကဆို ငါပဲ သူမကို အရင်ချော့ခဲ့တာချည်းပဲ၊ အခုတလော ငါ ဘာတွေဖြစ်နေတာလဲ။ ဒီတစ်ခါကျတော့ သူမကို ဘာလို့အရင်မချော့ခဲ့မိတာပါလိမ့်။
သူမက ငါ့ဘဝကို ကယ်တင်ပေးခဲ့တာလေ။ ထပ်ပြောရရင် ငါတို့ ဆက်ဆံရေးနဲ့ အချင်းချင်းခံစားချက်တွေကလည်း စစ်မှန်ခဲ့တာပဲ။
ရှင်းရီချန်သည် ချောင်မော့ယွီဘက်လှည့်မေးလိုက်၏။
“ ပင်ပန်းနေပြီလား”
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
ESTÁS LEYENDO
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...