စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
116
အပိုင်း (၁၁၆) သူမရဲ့ခေါင်းကို ပုတ်လိုက်တယ် (၂)
ငါ ချောင်မော့ယွီကို ဘယ်တုန်းကမှ မကြိုက်ခဲ့တာလေ၊ ဒါတောင် သူက အဲမိန်းမအဖွဲ့ကို ဘာလို့သွားနိုင်ရတာလဲ။ မနေ့ညက သစ်တောထဲမှာ ရှင်းရီချန်နဲ့ ချောင်မော့ယွီ အတူတူ ရှိနေတာတောင်မှ ဒါက ရှင်းရီချန်နဲ့ ဘာမှမဆိုင်ဘဲ ချောင်မော့ယွီကသာ ငါ့ချစ်သူကို ဖြတ်ခုတ်ချင်နေတာလို့ အမြဲမှတ်ထားခဲ့တာ။
မနေ့ညကလည်း ချောင်မော့ယွီကြောင့် သူတို့ရန်ဖြစ်ရပြီးပြီ။ အခုကျတော့ သူက ချောင်မော့ယွီအဖွဲ့ကို သွားချင်တယ်တဲ့လား။ ဒါက ဘာသဘောလဲ။ သူ့တကယ်ချစ်သူက ဘယ်သူလဲဆိုတာကိုရော သူသိသေးရဲ့လား။
ပြီးတော့ သူတို့တွေက အခု အစီအစဥ်တစ်ခုကို ရိုက်ကူးနေတာလေ။ ဧည့်သည်တွေ ဝန်ထမ်းတွေနဲ့ အစီအစဥ်ကိုကြည့်နေကြတဲ့ ဖန်တွေလဲ ရှိနေတာကို။ အခုတော့ သူက တခြားအဖွဲ့ကိုသွားချင်တယ်လို့ ပြောလိုက်တော့ သူတို့အားလုံး ကြားကုန်ကြပြီပေါ့။
ထိုအနေခက်စေသော ငြိမ်သက်နေသည့်တခဏသည် သူမ၏ပါးကို ဖြတ်ရိုက်လိုက်သကဲ့သို့ပင်။
ချောင်ရို့ဟွမ်သည် သူမ၏အမူအရာကို ကောင်းကောင်း ထိန်းချုပ်ထားနိုင်သော်လည်း သူမ၏မျက်နှာမှာ တခဏအတွင်း ကြွေကျတော့မည့်ဟန် ဖြစ်နေတော့သည်။
သူမသည် အတတ်နိုင်ဆုံး ရယ်ပြလိုက်သော်လည်း သူမ၏လက်ရှိအခြေအနေမှာ ငိုချလိုက်သည်ထက် ပိုရုပ်ဆိုးနေလေသည်။ သူမသည် လက်သီးကို တင်းကျပ်စွာဆုပ်ထားသဖြင့် သူမ၏လက်သည်းများသည် လက်ဖဝါးကို ထိုးဖောက်လုနည်းနည်းဖြစ်နေတော့သည်။ သူမသည် အသက်ကို ပြင်းပြင်းတစ်ချက် ရှူလိုက်ပြီးနောက် သူမကိုယ်သူမ အားတင်းကာ ပြုံးလိုက်တော့သည်။
“မနေ့က ကိုကိုရီချန်က ကျွန်မကို ပြောနေတာလေ၊ သူဗိုက်အရမ်းဆာလွန်းလို့ သူ့ရဲ့ ကြွက်သားတွေတောင် ပျောက်ကုန်တော့မယ်တဲ့”
ရှင်းဝမ်ရွှမ်းသည်လည်း အလျင်အမြန် တုံ့ပြန်ကာ ရယ်ပြလိုက်လေသည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
