အခန်း (၃၈) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၅)

7.1K 530 2
                                        

ဘာသာပြန်သူ - Yuu Ki

အခန်း (၃၈) မျက်နှာချင်းဆိုင်တွေ့ဆုံခြင်း (၅)

တခဏလေးအတွင်း၌ လူထု​၏ အာရုံစိုက်မှုက ချောင်မော့ယွီဆီသို့ ကျရောက်လာသည်။ အမြဲလိုလို ထူးမခြားနားသလိုနေတတ်သည့် ယဲ့ဖေးချန်းပင် သူမ ရှိရာဘက်သို့ လှည့်ကြည့်ပြီး သူ့ မျက်ဝန်း၌ အနည်းငယ် စပ်စုလိုစိတ်များ ဖြစ်ပေါ်လာသည်။

" ကဗျာတစ်ပုဒ်ရှိတာတော့ ကြားဖူးကြမယ်ထင်တယ်၊ နွေဦးရေက လယ်ကွင်းကို ဖြတ်သန်းပြီး နွေရာသီတိမ်က ဆန်းကြယ်တဲ့တောင်ထိပ်ကို လွင့်ပျံ့သွားသလိုမျိုး ဆောင်းဦးရာသီလမင်းကလည်း အရင်ကထက် ပိုတောက်ပပြီး ညအလယ်မှာ ထူးထူးခြားခြား လှပေနေလေရဲ့ဆိုတဲ့ ကဗျာလိုပေါ့"

ချောင်မော့ယွီက သတင်းထောက်ကို ပြန်ဖြေလိုက်သည်။ သူမ အသံက တည်ငြိမ်အေးချမ်းမှု အပြည့်ဖြင့်

" အဲကဗျာလိုမျိုးပဲ ကျွန်မ ထင်တာကတော့ ဇီယန်ကလည်း ဆောင်းရာသီထက် နွေရာသီကို ကြိုက်တဲ့သူတွေလိုမျိုး သူ့ဟာနဲ့သူ လှတယ်ပေါ့နော်၊ ချိုးယွဲ့ကလည်း ဆောင်းရာသီကို နွေရာသီထက်ပို ကြိုက်တဲ့သူတွေလိုမျိုး သူကလည်း သူ့ဟာနဲ့သူ ဆွဲဆောင်မှုရှိနေတာပါပဲ၊ နှစ်ယောက်စလုံးက မတူညီတဲ့ အလှတရား အသီးသီးဆိုတော့ ဘယ်သူ ပိုလှတယ်ဆိုတာက ကြည့်တဲ့သူတွေအပေါ်ပဲ မူတည်တာဆိုတော့ ကျွန်မ ဘာများ ပြောနိုင်ဦးမှာလဲ"

သူမ အသံက နှစ်လိုဖွယ်ကောင်းနေသော်လည်း သူမ​၏ တည်ငြိမ်မှု၌ အေးစက်မှု အနည်းငယ်တော့ ပါဝင်နေသည်။ သတင်းထောက်က ချောင်မော့ယွီလို အနုပညာလောကကို ဝင်ရောက်လာတာ မကြာသေးသည့် လူသစ်က ထိုရှက်စဖွယ်အခြေအနေကို ပညာသားပါပါဖြင့် ရှောင်တိမ်းသွားနိုင်လိမ့်မည်ဟု မထင်ထားမိခဲ့ပေ။

တစ်ဖက်၌ ယဲ့ဖေးချန်း​၏ မျက်ခုံးများက ချောင်မော့ယွီ​၏ တုံ့ပြန်မှုကို ကြားလိုက်ရသည်နှင့် မြင့်တက်သွားမိသည်။

သူ မြင်ဖူးတဲ့ စရိုက်တွေထဲက ဒီကောင်မလေးရဲ့ တကယ့်ပင်ကိုယ် စရိုက်က ဘာများပါလိမ့်။

ဖိုတိုရှော့အတွက် ဓာတ်ပုံရိုက်ကူးတုန်းက ပွင့်ပွင့်လင်းလင်းရှိတာက သူမရဲ့ စရိုက်အမှန်လား၊ ဒါမှမဟုတ် မိုးရေထဲမှာ သူ့ကားဆီ လှမ်းလာခဲ့တုန်းက ရူးကြောင်ကြောင်နိုင်တာက သူမရဲ့ စရိုက်အမှန်လား၊ ဒါမှမဟုတ် သူမ သရုပ်ဆောင်ပိုင်းမှာ နစ်မျောနေတဲ့ လေးနက်မှုက သူမ စရိုက်အမှန်လား၊ ဒါမှမဟုတ် အခု လက်ရှိ ပညာသားပါပါနဲ့ ထက်မြက်နေတာက သူမရဲ့ အစစ်မှန်လား။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora