အပိုင်း (၉၃) အလှူပေးခြင်း (၁)

5K 502 6
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၉၃) အလှူပေးခြင်း (၁)

ချောင်မော့ယွီသည် နေရာ၏တဖက်ခြမ်းကို ရောက်သည့်အချိန်တွင် ရှင်းဝမ်ရွှမ်းသည် သူမ၏ဖန်များနှင့် အမေးအဖြေ ပြုလုပ်ပြီးဖြစ်သည်။ ချောင်မော့ယွီက အလျင်စလိုလာနေသည်ကို မြင်လိုက်ရပြီး သူမ၏မျက်လုံးများသည် ကျေနပ်စွာ အရောင်တောက်လာတော့သည်။

ချောင်မော့ယွီသည် သူမဘက်သို့လျှောက်လာပြီး တီးတိုးပြောလိုက်လေသည်။

“ဟိုဘက်မှာဖြစ်သွားတဲ့ကိစ္စအတွက် နင့်မှာ တာဝန်ရှိတယ်မလား၊ အဲဒီဗွီဒီယိုသက်သေကို ဖျက်ဆီးဖို့ ဘာဆက်လုပ်မှာလဲ”

“ဟ ဟ အဲဒီမှာ ရိုက်ထားတဲ့မှတ်တမ်းရှိတာကို နင်ကတောင် သိပြီးပြီတဲ့လား၊ နင်က ငါထင်ထားသလောက်တော့ မအ,သေးဘူးပဲ”

ရှင်းဝမ်ရွှမ်းသည်  မဲ့ရွဲ့ကာ ပြန်ပြောလိုက်သည်။

“ နင်လဲ ‘ငါက သရုပ်ဆောင်တစ်ယောက်ပဲမဟုတ်ဘူး’ဆိုတဲ့ အစီအစဥ်မှာ ပါမှာလို့ ငါကြားထားတယ်၊ နင်ဖော်ချွတ်ထားတဲ့ဗွီဒီယိုကို ထွက်မလာစေချင်ရင် မမရို့ဟွမ်နဲ့ ကောင်းကောင်းပူးပေါင်းပေးတာ ပိုကောင်းလိမ့်မယ်”

ချောင်မော့ယွီသည် ရှင်းဝမ်ရွှမ်း၏စကားကိုကြားလိုက်ရပြီး အမှန်ပင် အံ့ဩသွားလေသည်။

အစောပိုင်းတွင် ရှင်းဝမ်ရွှမ်းသည် ‘ရှန်းရှီ’ မှ သူမ၏ နာမည်ကို အခိုးခံလိုက်ရသဖြင့် သူမကို ဇာတ်လမ်းဆင်ခဲ့သည်ဟု ထင်ထားခဲ့သော်လည်း သူမသည် ချောင်ရို့ဟွမ်ကိုယ်စား လက်တုံ့ပြန်လိမ့်မည်ဟု မထင်ထားခဲ့ချေ။

“ နင်က ငါ့ကို ချနင်းပြီး သူမကို စင်ပေါ်တင်ပေးဖို့ စဥ်းစားနေတာလား”

ချောင်မော့ယွီသည် လှောင်ရယ်လိုက်လေသည်။

“သူမက နင့်ကို ပြုစားထားတဲ့စွပ်ပြုတ်တွေ တိုက်ထားတာဖြစ်ရမယ်”

“ ဟဟ နင်က သူမနဲ့ငါ့ကြားမှာ စိတ်ဝမ်းကွဲအောင် လုပ်လို့ရမယ်လို့ ထင်နေတာလား”

ရှင်းဝမ်ရွှမ်းသည် ချောင်မော့ယွီ၏မျက်လုံးကို တည့်တည့်ကြည့်လိုက်လေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOù les histoires vivent. Découvrez maintenant