စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၇၂) ဖျော်ဖြေရေးလာကမှ နုတ်ထွက်ခြင်း (၃)
ထိုအချိန်တွင် နှစ်ဦးသားသည် တစ်ဦးနှင့်တစ်ဦး အလွန်နီးကပ်နေပြီး ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏ နှလုံးခုန်သံကိုပင် အတိုင်းသားကြားနေရ၏။ အမည်မသိခံစားချက်ကြောင့် သူမသည် စိတ်လှုပ်ရှားလာပြီး သူမ၏မျက်နှာသည်လည်း နီရဲသွားတော့သည်။ သူမသည် စကားလမ်းကြောင်း ပြောင်းရန် ကြိုးစားလိုက်၏။
“ တကယ်ပဲ ဖျော်ဖြေရေးလောကကနေ အနားယူတော့မှာလား”
“အင်း”
ယဲ့ဖေးချန်းသည် လက်တစ်ဖက်ဖြင့် ချောင်မော့ယွီ၏မျက်နှာပေါ်တွင် တွဲခိုနေသည့် ဆံစများကို ညင်သာစွာ ပွတ်သပ်ဖယ်ရှားပေး လိုက်၏။
“မော့ယွီလေး ကိုယ် ညီမနဲ့ လော့လော့ကို ကာကွယ်ပေးမယ်လို့ ကတိပေးတယ်နော်”
သူသည် သူမ၏နားနားသို့ ကပ်ကာ ပြောလိုက်၏။
“ ကိုယ် ကိုယ့်အစ်ကိုကို ဆွဲချမှာ”
ချောင်မော့ယွီသည် အံ့အားသင့်သွားတော့သည်။ သူစကားပြောလိုက်ချိန်တွင် သူ့နှုတ်ခမ်းများသည် သူမ၏နားကို မတော်တဆ ထိမိသွားသောကြောင့် ဖြစ်ဟန်တူသည်။ လျှပ်စီးကြောင်းသည် သူမ၏ခန္ဓာကိုယ်တစ်ခုလုံးကို ကျဥ်တက်သွားစေပြီး သူမကို တောင့်တင်းသွားစေတော့သည်။ သူမသည် မည်သို့ပြန်တုံ့ပြန်ရမည် မသိဖြစ်သွားတော့၏။
ငါလေး ဘာဖြစ်လို့ ဒီကမ္ဘာကြီးကို ကူးပြောင်းလာခဲ့ရတာလဲ မသိဘူး။ ဒီခန္ဓာကိုယ်ပိုင်ရှင်ဆီမှာ ဆပ်စရာအကြွေးများရှိနေလို့လားဟင်။
ဒီလိုဆိုရင် ငါလေး ရုပ်ရှင်ဧကရီဖြစ်လာခဲ့ရင် အိမ်ကို ပြန်လို့ရပြီလား။
တကယ်လို့ ငါလေး အိမ်ကို ပြန်သွားခဲ့ရင် လော့လော့ကရော ဘာြဖစ်သွားမှာလဲ။ ယဲ့ဖေးချန်းကရော ဝမ်းနည်းနေမှာလားဟင်။
ဒါသည် သူမမျှော်လင့်ထားသည့် အရာဖြစ်သော်လည်း လက်ရှိတွင် ထိုအရာနှင့်ပတ်သက်၍ တွေဝေနေမိရာ ပထမဆုံးအကြိမ်အဖြစ် စိတ်ဓာတ်ကျသွားတော့သည်။ သို့သော် ထိုအရာသည်လည်း သူမ ဆုံးဖြတ်နိုင်သည့် အရာမဟုတ်ပေ။ ချောင်မော့ယွီသည် ယဲ့ဖေးချန်းကို မော့ကြည့်လိုက်ရာ သူမ၏မျက်ဝန်းနက်ထဲတွင် ယဲ့ဖေးချန်း၏ပုံရိပ်က ထင်ဟပ်နေလေသည်။
ВЫ ЧИТАЕТЕ
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Любовные романыချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
