အပိုင်း ( ၁၇၉) ကြယ်တွေစုံတဲ့ည (၄)

2.9K 287 2
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၇၉) ကြယ်တွေစုံတဲ့ည (၄)

နှစ်ဦးသားသည် စမ်းချောင်းဆီသို့ ဖြည်းညင်းစွာလျှောက်လာကြပြီးနောက် ၂၅မိနစ် အကြာတွင် ထိုရာသို့ ရောက်လာကြလေသည်။

ချောင်မော့ယွီသည် ကျောက်တုံးနှစ်ခုကို ရှာလိုက်ပြီးတောင် ယဲ့ဖေးချန်းနှင့်အတူ ထိုင်ချလိုက်လေသည်။ သူမသည် ရေအပူအချိန်ကို အရင်စမ်းကြည့်လိုက်ရာ အလွန်အေးစိမ့်နေသည်ကို သိလိုက်ရ၏။ သူမသည် ရေကို လက်ခုပ်နှင့် ခပ်လိုက်ချိန်တွင် ယဲ့ဖေးချန်းက သူမကို ကြည့်နေသည်ကို တွေ့ရလေသည်။

သူမ မေးလိုက်၏။

“ မျက်နှာသစ်ချင်လား”

သူသည် ခေါင်းညိတ်လိုက်ကာ သူမလုပ်သကဲ့သို့ လက်ခုပ်ဖြင့် ရေကို ခပ်ယူလိုက်ပြီး မျက်နှာသစ်လိုက်လေသည်။ ချောင်မော့ယွီက ဖိနပ်ချွတ်လိုက်သည်ကို မြင်လိုက်ရသဖြင့် ယဲ့ဖေးချန်းက ပြောလိုက်၏။

“ ခြေထောက်မဆေးပါနဲ့၊ ရေက အရမ်းအေးတယ်၊ အအေးမိလိမ့်မယ်နော်”

သို့သော် ယဲ့ဖေးချန်း စကားမဆုံးလိုက်ခင်မှာပင် ချောင်မော့ယွီသည် ခြေအိတ်ချွတ်လိုက်ပြီးနောက် သူမ၏ခြေထောက်များကို စမ်းချောင်းထဲသို့ နစ်ချလိုက်လေသည်။

သူမ၏ခြေထောက်များသည် အလွန် ဖြူစင်နူးညံ့နေကာ အလွန်သေးငယ်ပြီး သိမ်မွေ့နေဟန် တူလေသည်။ သူမ၏ခြေထောက်များသည် ကျောက်စိမ်းအဖြူဖြင့် ပြုလုပ်ထားသကဲ့သို့ နူးညံ့လွန်းလေသည်။ သို့ရာတွင် သူမ၏ခြေသည်းများကို အနီရောင်ဆိုးထားရာ အနီရောင်ဆီးပန်းပွင့်များသည် နှင်းထုထဲတွင် ပွင့်လန်းနေသယောင်ဖြစ်နေပြီး အထူးတလည် လှပနေတော့သည်။

ရေသည် အလွန်အေးသဖြင့် ချောင်မော့ယွီသည် သူမ၏ခြေထောက်ကို သည်အတိုင်း ဆေးကျောလိုက်ပြီးနောက် ရေထဲမှ ချက်ချင်းပြန်ထုတ်လိုက်တော့သည်။ သူမသည် ကြိုတင်ပြင်ဆင်လာသည့် လက်ကိုင်ပဝါကိုသုံးကာ သူမ၏ခြေထောက်များကို ခြောက်သွားအောင် သုတ်လိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora