အပိုင်း (၅၈) အလင်းဖွင့်ခြင်း (၁)

4.9K 384 3
                                    

ဘာသာပြန်သူ - YuuKi

အပိုင်း (၅၈) အလင်းဖွင့်ခြင်း (၁)

ချောင်မော့ယွီသည် စကားဆုံးသည်နှင့် စားပွဲတစ်လုံးကို ဘေးသို့ တွန်းလိုက်ပြီး  သူမ ယူလာသော ဖယောင်းတိုင်ကို ထောင်ထားလိုက်၏။ ပြီးနောက် ငွေစက္ကူစာရွက်ကို နေရာမချခင် ကြေးဖလားတစ်လုံးကို ထုတ်လိုက်ပြီး ရေဖြည့်လိုက်သည်။

လော့လော့လေးသည် ဘေးတွင်ရပ်နေပြီး ချောင်မော့ယွီ ပြင်ဆင်နေသည်ကို သိလိုစိတ်ဖြင့် စောင့်ကြည့်နေလေသည်။ သူလေးသည် သူတို့မထွက်လာခင်က သူမအလုပ်ကို အနှောင့်အယှက်မပေးပါဟု ကတိပေးထားသောကြောင့် စကားတစ်ခွန်းမှ မပြောရဲချေ။

သူလေး၏မျက်ဝန်းလေးများသည် သိချင်စိတ်ကြောင့် ဝိုင်းစက်လာသည့်တိုင် သူလေးသည် စကားလဲမပြောရဲသလို လှုပ်လဲမလှုပ်ရဲပေ။

သူလေး၏ဘေးတွင် ဒါရိုက်တာသည် သက်ပြင်းချရုံမှတပါး မတတ်နိုင်ဘဲ အသက် နှစ်နှစ် သုံးနှစ်အရွယ်သာရှိမည် ထင်ရသော တာအိုကလေးငယ်ကို ငေးကြည့်နေမိလေသည်။

သူ၏ ထင်ရာစိုင်းမှုက သူ့အတွေးအခေါ်ကို ကမောက်ကမ ဖြစ်သွားစေသောကြောင့် သူသည် သူ့မျှော်လင့်ချက်များကို သည် တာအို ရသေ့နှစ်ပါး အပေါ် ပုံထားလိုက်လေသည်။ ချောင်မော့ယွီသည် ဖယောင်းတိုင်မီးထွန်းလိုက်ချိန်တွင် ဒါရိုက်တာသည် သူတို့ကို တားမြစ်ချင်စိတ် ထပ်မရှိတော့ပေ။

“ ကောင်းကင်ကြီးက မည်းမှောင်နေပြီး ကမ္ဘာမြေကြီးက အားအင်ချိနဲ့နေတယ်၊ စကြာဝဠာကြီးကို ဖရိုဖရဲအခြေအနေတစ်ခုမှာ ဖွဲ့စည်းခဲ့တယ်....”

ချောင်မော့ယွီသည် ပြောလိုက်ပြီး အလင်းဖွင့်ခြင်းကို စတင်လိုက်လေသည်။ အမှန်တွင် သူမသည် ဤကဲ့သို့သော အစဥ်အလာများကိုမလုပ်ဘဲ တူညီသောအကျိုးရလဒ်ကို ရယူနိုင်သော်လည်း တခြားသူများရှေ့တွင် ဆရာကျကျ ထင်မြင်စေရန် သူမ ကျက်ခဲ့သော စာသားများကို သည်အတိုင်း ပြန်ရွတ်လိုက်ခြင်း ဖြစ်သည်။

သူမသည် မန္တန်ကို ရွတ်ရင်း ရှေ့ကို ခုန်လိုက်ပြီး တစ်ခဏတွင် ‘ပြောင်းလဲခြင်းများစာအုပ်’ထဲမှ စာသားများကို ပြန်ရွတ်နေပြန်ကာ ‘ တောက်သဲ့ချင်း’ မှ စာသားများကို ထပ်ရွတ်လိုက်ပြန်သည်။ သူမသည် ခေါင်းပိုကိုက်လာသော်လည်း မျက်နှာကို တည်ထားကာ လေးစားဖွယ် ဆရာတစ်ဆူကဲ့သို့ ပြုမူနေလိုက်သည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းTempat cerita menjadi hidup. Temukan sekarang