အပိုင်း (၆၈) နားလည်ရခက်သော အကျွမ်းဝင်မှု (၈)

6.6K 528 2
                                        

ဘာသာပြန်သူ YuuKi

အပိုင်း (၆၈) နားလည်ရခက်သော အကျွမ်းဝင်မှု (၈)

လသည် မြင့်သထက် မြင့်လာသည်နှင့်အမျှ ချောင်မော့ယွီသည် ကောင်းကင်ကို သတိထားသွားမိသွားပြီး အလျင်စလို တောင်းပန်လိုက်လေသည်။

“ရုပ်ရှင်ဧကရာဇ်ယဲ့ ကျွန်မ တောင်းပန်ပါတယ်ရှင်၊ ကျွန်မ ရှင့်ရဲ့ ညတစ်ဝက်စာကို အချိန်ယူမိသွားပြီ၊ ရှင် အိပ်သင့်နေပြီနော်”

သူမသည် စကားပြောနေရင်း ဗိုက်ထဲမှ ရုတ်တရက် အသံမြည်လာတော့သည်။

ချောင်မော့ယွီသည် ရှက်သဖြင့် သူမ၏နှုတ်ခမ်းကို ကိုက်ကာ ပြုံးပြလိုက်သည်။

“ ကျွန်မ နေ့လယ်စာ ကောင်းကောင်းမစားခဲ့မိတာ ဖြစ်မယ်”

ယဲ့ဖေးချန်းက သူ့မျက်ခုံးတစ်ဖက်ကို ပင့်ကာ ပြောလိုက်၏။

“ သွားမယ်လေ၊ ညစာသွားစားကြတာပေါ့”

“ ရုပ်ရှင်ဧကရာဇ်ယဲ့က ဗိုက်ဆာနေလို့လား”

ချောင်မော့ယွီသည် ယဲ့ဖေးချန်း၏နောက်မှ အခြွေအရံငယ်လေးသဖွယ် လိုက်ပါလာသည်။

အဖြေပြန်မပေးပဲ သူသည် သူမကို မီးဖိုခန်းထဲသို့ တန်းခေါ်သွားလိုက်သည်။

အထဲမှ ဝန်ထမ်းများသည် သည်နေ့အတွက် သူတို့အလုပ်များပြီးသွားသဖြင့် အလုပ်ဆင်းသွားကြ၏။ ယဲ့ဖေးချန်းက မီးဖွင့်လိုက်ပြီး ချောင်မော့ယွီကို မေးလိုက်၏။

“ မင်း ခေါက်ဆွဲ ပြုတ်တတ်လား”

သူမ ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“အင်း ၊ ကျွန်မရဲ့ ခေါက်ဆွဲက ပထမတန်းစားထဲမှာပါတယ်နော်၊ ကျွန်မရဲ့ ဗလတောင့်တောင့် မောင်လေး_”

လွှတ်ခနဲထွက်သွားပြီးမှ မူလခန္ဓာကိုယ်ပိုင်ရှင်တွင် ဗလတောင့်တောင့်နှင့် မောင်လေးမရှိမှန်း သတိရမိသွား၏။ ချောင်မော့ယွီ စကားလုံးများကို အမြန်ပြောင်းပြောလိုက်ရသည်။

“ ကျွန်မတို့ အပေါ်ထပ်မှာနေတဲ့  အဲဒီဗလတောင့်တောင့်နဲ့ မောင်လေးက ပန်ကန်းအကြီးနဲ့ သုံးပန်ကန်တောင် စားနိုင်တာလေ”

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now