အပိုင်း (၈၉) ဖခင်တစ်ယောက်ရဲ့ပုံဿဏ္ဌာန်(၃)

7.2K 548 2
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၈၉) ဖခင်တစ်ယောက်ရဲ့ပုံဿဏ္ဌာန်(၃)

ပွဲစရန် ၇မိနစ်၊ ၈မိနစ်သာလိုတော့သည်။ ချောင်မော့ယွီသည် စင်ပေါ်သို့တန်းမတက်သေးဘဲ အလင်းရောင် အောက်တွင် တစ်ယောက်ထဲ ရပ်နေသည်။

သူမသည် ဖုန်းတစ်ခုကို စောင့်နေသည်။

လွန်ခဲ့သည့်နှစ်ရက်က “ငါက သရုပ်ဆောင်တစ်ယောက်ပဲ မဟုတ်ဘူး” ဟူသည့် အစီအစဥ်က သူမ၏မန်နေဂျာ အစ်မဝူကို ချောင်မော့ယွီအား ဧည့်သည်အဖြစ် လာရောက်ရန် ဆက်သွယ်နေခဲ့သည်။

သူမသည် ထိုအစီအစဥ်အကြောင်းကို ဝတ္ထုထဲမှ သိပြီးဖြစ်သည်။ ထိုအစီအစဥ်သည် အားလုံးကို တစ်ကြိမ်ထဲရိုက်ကူးပြီး ဗွီဒီယိုမှတ်တမ်းကို ပြန်လည်ထုတ်လွှင့်သော အစီအစဥ်မျိုးဖြစ်သည်။ နောက်ဆက်တွဲ ရိုက်ကူးရေးတစ်ခုလည်းရှိပြီး တည်းဖြတ်ခြင်းလည်း ပါဝင်သည်။

သည်အစီအစဥ်က သည်နည်းလမ်းကို ပထမဆုံးအကြိမ် လက်ခံလိုက်သော်လည်း နောက်ပိုင်းတွင် ပိုလူကြိုက်များလာသည်။ သည်အစီအစဥ်က သရုပ်ဆောင်များ၏ ကျော်ကြားမှုကို မြှင့်တင်ရာတွင် အထောက်အကူအလွန်ဖြစ်သည်။

ပွဲစရန် ၅မိနစ်အလိုတွင် သူမ၏ဖုန်း မြည်လာတော့သည်။

အစ်မ၀ူနံပါတ်ကိုမြင်လိုက်သည်နှင့် သူမ ချက်ချင်း ပြန်ဖြေလိုက်သည်။

“ အစ်မ၀ူ ၊ ဘယ်လိုလဲ”

“အဆင်ပြေသွားပြီ”

အစ်မ၀ူသည် အနည်းငယ်စိတ်ရှုပ်နေသယောင် ပြန်ဖြေလိုက်သည်။

“ အခုပဲ အစီအစဥ်ရဲ့လမ်းညွှန်ကို အတည်ပြုလိုက်တယ်၊ ဒါက ရိုက်ကူးရေးတစ်ခုပါပဲ ဒါပေမဲ့_”

မန်နေဂျာသည် ထပ်ပြောချင်သော်လည်း တွေဝေနေလေသည်။ ချောင်မော့ယွီသည် ဇဝေဇဝါ ဖြစ်သွားတော့သည်။

“ ဒါပေမဲ့ ဘာဖြစ်လဲ”

“ ချောင်ရို့ဟွမ် နာမည်နဲ့လာမဲ့ နောက်ထပ် အမျိုးသမီး ဧည့်သည်လည်း ရှိသေးတယ်”

အစ်မ၀ူသည် ချောင်မော့ယွီက ထိုအမျိုးသမီးနှင့် ဆက်ဆံရေး အဆင်မပြေသည်ကို သိထားသည်။ သူမ ဆက်ပြောလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းWhere stories live. Discover now