အပိုင်း (၁၂၀) ကျွန်မက ကြွက်သားရှိတဲ့လူမျိုးကိုကြိုက်တာ (၃)

6.5K 544 27
                                        

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
120

အပိုင်း (၁၂၀) ကျွန်မက ကြွက်သားရှိတဲ့လူမျိုးကိုကြိုက်တာ (၃)

သူလေးသည် အန်တီယွီဖက်လှည့်ကာ မေးလိုက်၏။

“ အန်တီ လော့လော့မှာရော ကြွက်သားတွေရှိလားဟင်”

အန်တီယွီသည် ကောင်ကလေး၏ စိတ်လှုပ်ရှားစိတ်ဖြင့် အလေးအနက်မေးနေပုံကို မြင်လိုက်ရာ မရယ်ဘဲ မနေနိုင်ဖြစ်သွားပြီး ပြန်ဖြေလိုက်လေသည်။

“ ဒါပေါ့ ပေါင်ပေ့မှာ ကြွက်သားတွေရှိတယ်လေ၊ ကြည့်ပါလား ပေါင်ပေ့ရဲ့ လက်မောင်းမှာ ကြွက်သားတွေ အပြည့်ပဲ”

ကောင်ကလေးသည် ကြာစွယ်နှင့်တူသည့် နူးညံ့ပျော့ပြောင်းနေသော လက်မောင်းဖြူဖြူလေးကို ကြည့်လိုက်၏။ သူလေးသည် လက်မောင်းကို ကိုင်လိုက်ပြီး လျှို့ဝှက်စွာ ပြုံးလိုက်လေသည်။

မားမားက ပေါင်ပေ့ကို တကယ်ချစ်တာပဲ။

သူတို့သည် အစီအစဥ်ကို ဆက်ကြည့်လိုက်ကြသည်။ ချောင်မော့ယွီနှင့် အခြားလူများသည် တစ်နေ့တာ ရိုက်ကူးရေးပြီးသွားပြီဖြစ်သဖြင့် ဟိုတယ်သို့ ပြန်လာကြလေသည်။

ဟိုတယ်သို့ ပြန်လာသည့်လမ်းတွင် သူမသည် ကောင်းကင်ပေါ်က ကြည်လင်နေသည့်လနှင့် မှိတ်တုတ်မှိတ်တုတ်လင်းနေသည့် ကြယ်အနည်းငယ်ကို တွေ့လိုက်ရသည်။ ကြည်လင်လှပသောနေ့တစ်နေ့ပင်။

ရှင်းဝမ်ရွှမ်းနှင့် ချောင်ရို့ဟွမ်တို့သည် ရှေ့မှနေ၍ လျှောက်သွားလိုက်သည်။ နှစ်ယောက်သားသည် စကားပြောရင်း ရယ်မောနေလေသည်။ သို့သော် ရှင်းဝမ်ရွှမ်းသည် ချောင်ရို့ဟွမ်ထက် စကားပိုပြောနေသည်မှာ သိသာလှသည်။

ကျိုးယွမ်ချန်နှင့် ဝမ်ခုံးမင်တို့သည် သူတို့နောက်မှ လိုက်သွားသည်။ ထိုသရုပ်ဆောင်နှစ်ယောက်၏ အဆင့်မှာ B-list နှင့် C-list အဆင့်ဝင် သရုပ်ဆောင်များဖြစ်ကြ၏။ သူတို့သည် အသက်တူ ရွယ်တူဖြစ်သော်လည်း မတူညီသည့် သရုပ်ဆောင်လိုင်းမှဖြစ်ရာ သူတို့သည် အချင်းချင်း ပြိုင်ဆိုင်လေ့မရှိကြပေ။ ထိုအကြောင်းကြောင့်ပင် သူတို့သည် အချင်းချင်း ပို သင့်မြတ်ကြလေသည်။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းDonde viven las historias. Descúbrelo ahora