စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki
အပိုင်း (၁၀၁) စားတော်ပွဲ (၂)
ရုတ်တရက်ဆိုသလို အားလုံး၏အကြည့်များသည် ရှင်းရီချန်ဆီသို့ ကျရောက်သွားလေသည်။ သူတို့အားလုံးက သူသည် သူ့ညီမလေးကို ပိုတန်ဖိုးထားသည်လား သူ့ချစ်သူကို တန်ဖိုးထားသည်လား သိချင်နေကြလေသည်။
သို့နှင့် ရိုက်ကွင်းနေရာတွင် တဒင်္ဂတိတ်ဆိတ်သွားတော့သည်။
ဤတိတ်ဆိတ်ငြိမ်သက်မှုကြားတွင် ယဲ့ဖေးချန်းသည် စကားစပြောလိုက်၏။
“ ကျွန်တော် ချောင်မော့ယွီနဲ့ ချန်ချန် ကိုရွေးမယ်”
ထိုသို့ပြောပြီးသည်နှင့် သူသည် ဖြည်းညင်းစွာလျှောက်သွားလိုက်ပြီး ချောင်မော့ယွီနှင့် သူမ၏အဖွဲ့သား ဘေးတွေရပ်လိုက်လေသည်။
ယဲ့ဖေးချန်း ရွေးချယ်ပြီးသွားပြီဖြစ်သဖြင့် အစီအစဥ်တင်ဆက်သူသည် ပြုံးကာ ရှင်းရီချန်ကို ပြောလိုက်လေသည်။
“ ကောင်းပါပြီ အခုဆို ဥက္ကဋ္ဌရှင်းရဲ့ရွေးချယ်မှုက အရေးကြီးသွားပြီနော်”
“ ကိုကို ၊ နင်နဲ့မမရို့ဟွမ် အတူတူလုပ်သင့်တာပေါ့”
ရှင်းဝမ်ရွှမ်းသည် သူ့ကို ကူပြောပေးလိုက်လေသည်။ တစ်ချိန်ထဲတွင် သူမသည် သူမ၏အစ်ကိုနှင့် သူမ၏ယောက်မကို သဘောတူကြောင်း ထုတ်ပြလိုက်ခြင်းဖြစ်သည်။
“ကောင်းပြီလေ၊ ကျွန်တော် ရို့ဟွမ်နဲ့ အစ်ကိုဝမ်အသင်းကို ဝင်လိုက်မယ်” ဟု ရှင်းရီချန်က ပြောလိုက်တော့သည်။
“ အားလုံးက အသင်းတွေကို သတ်မှတ်ပြီးပြီဆိုတော့ အခု ညစာကို စပြီး ပြင်ဆင်ကြရအောင်”
အစီအစဥ်တင်ဆက်သူက ကြေညာလိုက်သည်နှင့် ကင်မရာမန်းသည် သူကြိုတင်ပြင်ဆင်ထားသော မီးအလင်းကို ဖွင့်လိုက်ပြီး ထိုနေရာကို အလင်းပေးလိုက်တော့သည်။
“ ဒီနေ့ တစ်ဖွဲ့စီက ဘာပါဝင်ပစ္စည်းတွေ စုဆောင်းလာသလဲ ကြည့်လိုက်ကြရအောင်”
အစီအစဥ်တင်ဆက်သူသည် ချောင်ရို့ဟွမ်ရှိရာဖက်ကို သွားကြည့်လိုက်လေသည်။ သစ်သီးနည်းနည်းသာ ရှိသည်ကို သတိပြုမိသွားပြီး ရယ်ကာ ပြောလိုက်တော့သည်။
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...
