အပိုင်း ( ၁၅၇) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၃)

4K 431 14
                                    

စာစဉ်နာမည်- စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
ဘာသာပြန်သူ Yuuki

အပိုင်း ( ၁၅၇) မူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့ ဆန္ဒကို သိရှိသွားခြင်း (၃)

“ဟ ဟ ကျွန်မ မောင်းထုတ်ခံလိုက်ရတယ်လေ၊ ရှင်တို့နှစ်ယောက်ပေါင်းကြံခဲ့ကြတာပဲ.... ရှင်းရီချန် ရှင်သူမကို အဲလောက်အရမ်းချစ်တယ်ဆိုရင်တောင် ကျွန်မတို့က အတူတူကြီးပြင်းလာခဲ့တဲ့သူပါ၊ ကျွန်မက သိပ်ရွံရှာစရာကောင်းတယ်လို့ထင်တယ်ပေါ့လေ၊ ကျွန်မသေသွားပြီးတော့ ခွေးစားကျွေးခံလိုက်ရဖို့ပဲ တန်တယ်ပေါ့လေ”

ထိုအရာသည် စာအုပ်ထဲမှာ မူလခန္ဓာကိုယ်ပိုင်ရှင်၏ မူလကံကြမ္မာဖြစ်ပေ၏။  ချောင်မော့ယွီ ဤကမ္ဘာသို့ ကူးပြောင်းလာပြီးနောက် သူမသည် မူလခန္ဓာကိုယ်ပိုင်ရှင်၏ ဝမ်းနည်းကြေကွဲရသည့် ဖြစ်ရပ်များကို အားလုံးကို သိရှိခဲ့ရ၏။ သူမသည် တစ်နေ့တွင် ရှင်းရီချန်၏မျက်နှာကို ပြင်းပြင်းထန်ထန် တစ်ချက်လောက် ချချင်ခဲ့လေသည်။

သည်အခိုက်အတန့်တွင် သူမသည် ထိုကိစ္စကို အမှန်တကယ်ဖြစ်မြောက်အောင် လုပ်ဆောင်နိုင်ခဲ့သည်။

“ကျွတ်”

ရှင်းလင်းသည့် စုပ်သပ်သံတစ်ချက်သည် လေထဲတွင် ထွက်ပေါ်လာပြီး ဘေးတွင်ရပ်နေသည့် ယဲ့ဖေးချန်းကို ထိတ်လန့်သွားစေတော့သည်။

ရှင်းရီချန်သည် လည်ချောင်းထဲမှ ညင်းသိုးသိုးချိုမြမှုအနည်းငယ်ကို မျိုချလိုက်သော်လည်း သူ့အကြည့်ထဲတွင် ဒေါသများတစ်စက်မှ ပါမနေချေ။

“ ကိုယ်တောင်းပန်တယ်၊ ကိုယ် အဲဒီတုန်းက ဒီအတိုင်း သာမန်ကာလျှံကာပဲ ပြောလိုက်မိတယ်၊ မော့ယွီ ကိုယ်လုံးဝမထင်ထားခဲ့တာက...”

ချောင်မော့ယွီသည် မျက်လုံးများထဲတွင် ဒေါသမီးတောက်တို့ဖြင့် ရှင်းရီချန်၏စကားကို ဖြတ်ပြောလိုက်၏။

“ သာမန်ကာလျှံကာတဲ့လား”

တကယ်လို့ ငါလေးသာ ဒီခန္ဓာကိုယ်ထဲကို ကူးပြောင်းမလာခဲ့ရင် ဒါက တကယ်ဖြစ်ပျက်သွားတော့မဲ့ ကိစ္စပဲ။

သူမသည် ပထမဆုံးအကြိမ် ရောက်ရှိလာချိန်က ဒါသည် ဝတ္ထုတစ်ပုဒ်သာဖြစ်သည်ဟု ခံစားခဲ့ရ၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOnde histórias criam vida. Descubra agora