ဘာသာပြန်သူ - Yuu Ki
အခန်း(၂၂) အိပ်ရာပေါ်မှဇာတ်ဝင်ခန်း (၂)
“ကတ်"
ဒါရိုက်တာက နဖူးထက်မှ ချွေးကို သုတ်ရင်းဖြင့်
"အရမ်းကောင်းတယ်။ တစ်ကြိမ်တည်းနဲ့ ပြီးပြည့်စူံအောင်သရုပ်ဆောင်နိုင်တယ်။ နှစ်ယောက်စလုံး တော်တယ်"
ချောင်မော့ယွီက သက်ပြင်းချလိုက်ပြီး ယဲ့ဖေးချန်း၏ ရင်ခွင်မှ ထွက်ခွာရန်ဟန်ပြင်နေစဉ် ထိုလူမှာ သူ၏ တင်းတင်းကြပ်ကြပ် ပွေ့ဖက်မှုကို အရင် ဖြေလျော့ပေးလိုက်သည်။
အနည်းငယ် တည်တည်ငြိမ်ငြိမ်ရှိသွားပြီးသည့်နောက် ချောင်မော့ယွီက ကျောက်ရုပ်လို အေးတိအေးစက်နှင့် လူသားကိုကြည့်လိုက်ပြီး လေသံတိုးတိုးလေးဖြင့်
"ကျေးဇူးပါ မစ္စတာယဲ့"
ထိုမိန်းကလေး၏ မျက်ဝန်းများက တောက်ပနေပြီး တိရစ္ဆာန်ပေါက်စလေးတွေလို ချစ်ဖို့ကောင်းနေပေသည်။ ယဲ့ဖေးချန်းက မထူးမခြားနားသလိုပုံစံဖြင့်
"ငါ့အလုပ်ကို တတ်နိုင်သမျှ မြန်မြန်ပြီးအောင် လုပ်ချင်ရုံပဲမို့ မင်း ကျေးဇူးတင်စရာမလိုပါဘူး"
ချောင်မော့ယွီက ယဲ့ဖေးချန်း၏ အပြုအမူနှင့် ပတ်သက်ပြီး စိတ်အနှောင့်အယှက်မဖြစ်ပေ။ ထိုအစား သူမက သူ့ကို တကယ့်စိတ်ရင်းဖြင့် ကျေးဇူးတင်သည့်အနေနှင့် သူမ လက်ထောက်ဖြစ်သူ ရှောင်စုဆီသို့ မသွားခင် ပြုံးပြလိုက်ပေသေးသည်။
ဇာတ်ညွှန်းအရ ချောင်မော့ယွီနှင့် ယဲ့ဖေးချန်းတို့ ရိုက်ကူးရမည့်အခန်းက ထို အမျိုးသမီးဇာတ်ကောင် မသေခင်အချိန်အထိဆိုလျှင် ရိုက်ကူးရမည့်အခန်း အနည်းငယ်သာ ကျန်ရှိတော့သည်။ သူမ မှတ်မိသလောက် ဇာတ်ညွှန်းအရ အိပ်ရာပေါ်မှ ဇာတ်ဝင်ခန်းကို ရိုက်ကူးရမည်ဖြစ်သည်။
ဇာတ်လမ်းအရ ထိုအမျိုးသမီးဇာတ်ကောင်၏ အဖေသေဆုံးမှုအတွက် လက်တုံ့ပြန်ပြီးသည့်နောက် သူမ ငယ်စဉ်ကတည်းက သူမအမေကို ဆုံးရှုံးခဲ့ရသည့်အတွက် ယခုအချိန်၌ သူမက လုံးဝကို မိဘမဲ့ တစ်ယောက်ဖြစ်သွားပေပြီ။ ယဲ့ဖေးချန်းက သူမ ဝါးရုံတောထဲ၌ တိတ်တဆိတ် ငိုကြွေးလေ့ရှိသည်ကိုမြင်ခဲ့ပေရာ
![](https://img.wattpad.com/cover/330150701-288-k947207.jpg)
YOU ARE READING
စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်း
Romanceချောင်မော့ယွီ နိုးလာသည့်အချိန်၌ သူမက ဝတ္ထုကမ္ဘာဆီသို့ ရောက်သွားသည်ကို တွေ့လိုက်ရသည်။ ထိုနောက် သည်ဝတ္ထု၏ အမျိုးသားဇာတ်လိုက်ဖြစ်သည့် ကုမ္ပဏီ စီအီးအို၏ မနှစ်မြို့ခြင်းကိုခံရသည့် ဗီလိန်ကောင်မလေး၏ ကိုယ်ထဲသို့ဝင်ရောက်သွားခဲ့သည်။ စီအီးအို၏ ငယ်သူငယ်ချင်...