အပိုင်း(၇၅) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၄)

7.3K 564 4
                                        

အပိုင်း(၇၅) သူ့ကိုကယ်ခဲ့တဲ့မိန်းကလေး(၄)

ချောင်မော့ယွီသည် ကောင်လေးကို မြေကြီးပေါ်ချလိုက်ပြီးနောက် သူမကို ဆွဲပြေးသွားလိုက်သည်။ သူမ၏နောက်တွင် လူ့အသက်များကို ဝါးမျိုသွားနိုင်သော အရှိန်ပြင်းထန်သည့် မီးပင်လယ်ကြီးတစ်ခု ကျန်နေခဲ့သည်။

ရှင်းရီချန်၏နှလုံးသည် တုန်တုန်ယင်ယင်ဖြစ်သွားပြီး သူ့လက်များမှာလဲ သတိလက်လွတ်ဖြစ်ကာ တင်းကျပ်နေအောင် ဆုပ်ထားမိသည်။

သူ့အောက်မှ ချောင်ရို့ဟွမ်သည် တင်းကျပ်နေအောင် ဆုပ်ကိုင်ထားသဖြင့် နာကျင်မှုကြောင့် ပင့်သက်ရှိုက်မိလိုက်တော့သည်။

ရှင်းရီချန် ချက်ချင်း တောင်းပန်လိုက်၏။

ထိုအချိန်တွင် ချောင်မော့ယွီ၏ဗွီဒီယိုကိုလည်း ဖန်းသားပြင်ပေါ်မှ ဖြတ်ထုတ်လိုက်ပြီးဖြစ်၏။

သူတို့သည် သတင်းတင်ဆက်သူ အသစ်တစ်ယောက်၏ ရှင်းပြသံကိုသာ ကြားနေရသည်။

“တကယ်တော့ ‘အရုဏ်ဦးရဲ့လင်းရောင်ခြည်’ဒရာမာရဲ့ အမျိုးသမီးဇာတ်ဆောင် ချောင်မော့ယွီက အဲနေရာကို ဖြတ်သွားရင်းက မီးလောင်တာကို သတိထားမိသွားတာပါ၊ သူမ က ‘ရွှမ်ထျန်း’ဒရာမရဲ့ အမျိုးသားဇာတ်ဆောင်အတွက် ကလေးသရုပ်ဆောင်ကို ကယ်ဖို့ အန္တရာယ်ကို မမှုဘဲ မီးပင်လယ်ထဲကို မတုံ့ဆိုင်းဘဲ ခုန်ဝင်သွားခဲ့ပါတယ်၊ အခုအချိန်မှာတော့ နှစ်ယောက်စလုံးဟာ ရုပ်ရှင်မြို့တော်မှာပဲ၊ နေပြန်ကောင်းနေကြပါပြီ၊ ကံကောင်းလို့ ဒဏ်ရာအနည်းငယ်ပဲရခဲ့တယ်လို့ ဆိုပါတယ်”

သတင်းပြီးသွားသောအခါ သတင်းခေါင်းစဥ်အသစ် ပြောင်းသွားသော်လည်း ရှင်းရီချန်သည် ကြည့်နေရာမှ ရုတ်တရက် စိတ်ဝင်စားမှု လုံးဝပျောက်သွားလေသည်။

သူသည် မမျှော်လင့်ဘဲ ချောင်ရို့ဟွမ်၏အဝတ်အစားပေါ်မှ သူ့လက်ကို ဖယ်လိုက်ပြီး သူမပေါ်မှ ဆင်းလိုက်၏။

ချောင်ရို့ဟွမ်သည် သူ့တွင် ဘာဖြစ်သွားသည်ကိုမသိဖြစ်နေရာ ပန်းဆီရောင်သန်းသော မျက်နှာနှင့် မေးလိုက်၏။

စီအီးအိုရဲ့ ဗီလိန်သူငယ်ချင်းOnde histórias criam vida. Descubra agora